Spark 40 ကတော့ ဒီအုပ်စုထဲမှာ အနိမ့်ဆုံး (entry-level) မော်ဒယ်လ်ဖြစ်ပြီး Spark 40 Pro နဲ့ Spark 40 Pro+ ကတော့ resolution ပိုမြင့်တဲ့ display တွေ၊ ပိုမြန်တဲ့ chipset တွေနဲ့ IP64 ရေနဲ့ဖုန်ဒဏ်ကာကွယ်မှုတွေ ပါဝင်လာပါတယ်။

Tecno Spark 40 Pro+

Spark 40 Pro+ 

Spark 40 Pro+ ဟာ MediaTek ရဲ့ Helio G200 chipset ကို ကမ္ဘာမှာ ပထမဆုံးအသုံးပြုထားတဲ့ ဖုန်းဖြစ်ပြီး 8GB RAM နဲ့ 128/256GB storage တို့နဲ့ တွဲဖက်ပေးထားပါတယ်။

Display ကတော့ 1220p+ resolution နဲ့ 144Hz refresh rate ရှိတဲ့ 6.78 လက်မ ဘေးဘောင်ကွေး AMOLED display ကို သုံးထားပါတယ်။ display အောက်မှာ လက်ဗွေစနစ်ပါဝင်လာပြီး selfie ကင်မရာကတော့ 13MP ဖြစ်ပါတယ်။

ကျောဘက်မှာ 50MP main camera တစ်လုံးနဲ့အတူ အခြားအရန် sensor တစ်လုံး ပါဝင်ပါတယ်။ ဘက်ထရီက 5200mAh ဖြစ်ပြီး 45W ကြိုးတပ်အားသွင်းစနစ်၊ 30W ကြိုးမဲ့အားသွင်းစနစ်နဲ့ 5W reverse wireless charging တို့ကို ထောက်ပံ့ပေးထားပါတယ်။

Software ပိုင်းမှာတော့ Android 15 ကို အခြေခံထားတဲ့ HiOS 15.1 ကို သုံးထားပြီး IP64 ရေနဲ့ဖုန်ဒဏ်ခံနိုင်ရည်လည်း ပါဝင်ပါတယ်။

Spark 40 Pro+ ကို Nebula Black, Aurora White, Moon Titanium နဲ့ Tundra Green ဆိုတဲ့ အရောင်တွေနဲ့ ရရှိနိုင်မှာပါ။ ဒီဖုန်းကို လက်ရှိ ကြိုတင်မှာယူနိုင်ပြီဖြစ်တဲ့ ယူဂန်ဒါနိုင်ငံမှာတော့ ယူဂန်ဒါရှီလင် ၇၆၉,၀၀၀ ($214) နဲ့ ရောင်းချပေးနေပါတယ်။

TECNO SPARK 40 Pro+ announced: debuts MTK Helio G200 SoC » YugaTech |  Philippines Tech News & Reviews

Spark 40 Pro 

Spark 40 Pro မှာတော့ Pro+ မော်ဒယ်လ်လိုပဲ 1220p+ resolution နဲ့ 144Hz refresh rate ရှိတဲ့ 6.78 လက်မ ပြားချပ်တဲ့ AMOLED display ကို သုံးထားပါတယ်။ Chipset ကိုတော့ Helio G100 ကို အနည်းငယ်လျှော့ချထားပြီး 8GB RAM နဲ့ 128/256GB storage တို့နဲ့ တွဲဖက်ပေးထားပါတယ်။

ကျန်တဲ့ အချက်အလက်တွေကတော့ Spark 40 Pro+ နဲ့ တူညီပြီး ကျောဘက်မှာ 50MP main camera နဲ့ ရှေ့ဘက်မှာ 13MP selfie ကင်မရာတို့ ပါဝင်ပါတယ်။ ရေနဲ့ဖုန်ဒဏ်ခံနိုင်တဲ့ IP64 အဆင့်သတ်မှတ်ချက်ရထားပြီး 5,200mAh ဘက်ထရီနဲ့ 45W ကြိုးတပ်အားသွင်းစနစ် ပါဝင်ပါတယ်။

Spark 40 Pro ကို Ink Black, Moon Titanium, Lake Blue နဲ့ Bamboo Green အရောင်တွေနဲ့ ရရှိနိုင်မှာပါ။ ယူဂန်ဒါနိုင်ငံမှာ ယူဂန်ဒါရှီလင် ၆၇၉,၀၀၀ ($189) နဲ့ ဈေးနှုန်းသတ်မှတ်ထားပြီး ဇူလိုင်လ ၇ ရက်နေ့မှာ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။

Tecno Spark 40 Series Launched - Spark 40 Pro+ Debuts Helio G200 Alongside Spark  40 Pro and Spark 40 ~ My Mobile India

Spark 40 

Spark 40 မှာတော့ HD+ resolution နဲ့ 120Hz refresh rate ရှိတဲ့ 6.67 လက်မ IPS LCD display ကို သုံးထားပါတယ်။ ရှေ့ဘက်မှာ 8MP ကင်မရာနဲ့ ကျောဘက်မှာ 50MP ကင်မရာတို့ ပါဝင်ပါတယ်။

Helio G81 chipset ကို သုံးထားပြီး 8GB RAM အထိနဲ့ 128/256GB storage တို့နဲ့ တွဲဖက်ပေးထားပါတယ်။ Software ပိုင်းကတော့ Android 15 ကိုအခြေခံထားတဲ့ HiOS 15.1 ဖြစ်ပြီး ဘက်ထရီကတော့ 5,200mAh ဖြစ်ကာ 45W အားသွင်းစနစ်ကို ထောက်ပံ့ပေးထားပါတယ်။

Spark 40 ကို Ink Black, Titanium Grey, Veil White နဲ့ Mirage Blue အရောင်တွေနဲ့ ရရှိနိုင်မှာဖြစ်ပြီး ဈေးနှုန်းကိုတော့ ယူဂန်ဒါရှီလင် ၄၇၉,၀၀၀ ($133) လို့ သတ်မှတ်ထားပါတယ်။

Ref : gsmarena