Tecno ကနေ အခုအချိန်မှာ Budget Spark Series ဖုန်းတစ်လုံးဖြစ်တဲ့ Spark 9 Pro ကို တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းဟာ ယခင်တုန်းက Tecno Spark Series ဖုန်းတွေနဲ့ယှဥ်ရင် ပိုပြီးအဆင့်မြှင့်ထားပါတယ်။

Tecno Spark 9 Pro ဖုန်းဟာ 6.6″ LCD Display ကိုအသုံးပြုထားပြီးတော့ 90Hz Refresh Rate အပြင် Full HD+ Resolution ကိုလည်း ထောက်ပံထားမှာဖြစ်ပါတယ်။ Display ရဲ့ အပေါ်ဘက်မှာလည်း Waterdrop Notch အတိုင်းပြုလုပ်ထားတဲ့ 32MP Selfie Camera ပါဝင်မှာပါ။

Camera ပိုင်းအနေနဲ့ကတော့ 50MP Primary Sensor ကိုမှ 2MP Macro Sensor နဲ့ 2MP AI Sensor တွေကို ထည့်သွင်းပေးထားပါတယ်။ Performance ပိုင်းမှာတော့ MediaTek Helio G85 Chipset ကိုအသုံးပြုထားပြီး Storage 128GB ကိုမှ RAM 4GB သို့မဟုတ် 6GB ဆိုပြီး ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Storage ကို microSD Card ကနေတစ်ဆင့် ထပ်မံတိုးချဲ့နိုင်ဦးမှာပါ။

Battery ပိုင်းမှာတော့ 5000mAh Battery ပါဝင်မှာဖြစ်ပြီး 18W Fast Charging ကိုထောက်ပံ့ထားမှာဖြစ်ပါတယ်။ Software ပိုင်းမှာတော့ Android 12 ကို အခြေခံထားတဲ့ HiOS 8.6 ကို အသုံးပြုထားတာဖြစ်ပါတယ်။

Tecno Spark 9 Pro ဖုန်းဟာ Quantum Black ၊ Burano Blue ၊ Holy White နဲ့ Hacker Storm ဆိုပြီး အရောင် ၄ မျိုးထုတ်လုပ်ထားမှာဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ စျေးနှုန်းကိုမသိရှိရသေးပေမယ့် တကမ္ဘာလုံးမှာ မိတ်ဆက်ရောင်းချသွားမယ်လို့ သိရပါတယ်။

Ref – GSM Arena