Tecno က 90Hz မျက်နှာပြင်၊ Helio G85 Chip နဲ့ 5,000mAh ဘက်ထရီ ပါတဲ့ Spark 9 ကို ဒီလ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။ အခုတော့ Tecno က Spark 9T ကို မိတ်ဆက်လိုက်ပြီး ၆.၆ လက်မ IPS LCD  Full HD+ မျက်နှာပြင် ပါပါတယ်။ 60Hz Refresh Rate ထောက်ပံ့ထားပြီး အရွယ်သေး Notch မှာ 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

TECNO Spark 9T Goes Official with Helio G37 SoC, 90Hz Screen and 5,000mAh  Battery - WhatMobile news

အနောက်ဘက်မှာ 13MP Main နဲ့ 2MP Depth ကင်မရာ ၂ လုံး ထည့်သွင်းထားပြီး Android 12 အခြေပြု HiOS 8.6 UI အုပ်ထားပါတယ်။ MediaTek Helio G37 Chip မောင်းနှင်ထားပြီး 4GB RAM နဲ့ 128GB Stroage အထိ ရွေးချယ်နိုင်ကာ microSD Card စိုက်နိုင်ပါတယ်။ 5,000mAh ဘက်ထရီပါလာပြီး 10W Charging ထောက်ပံ့ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပြီး USB-C Port နဲ့ နားကြပ်ပေါက် ပါပါတယ်။

Tecno Spark 9T brings Helio G37 SoC and 5,000 mAh battery - GSMArena.com  news

Tecno Spark 9T ကို နိုင်ဂျီးရီးယားမှာ ရောင်းချပေးလိုက်ပြီ ဖြစ်ပြီး 4GB RAM+64GB Storage နဲ့ 4GB RAM + 128GB Storage ၂ မျိုး ထုတ်လုပ်ထားပါတယ်။ ၁၈၈ ဒေါ်လာနဲ့ ၂၁၁ ဒေါ်လာ အသီးသီး သတ်မှတ်ထားပြီး မြန်မာငွေ ၃၅၀,၀၀၀ နဲ့ ၃၉၀,၀၀၀ ဝန်းကျင် အသီးသီး ကျသင့်မှာပါ။ Atlantic Blue, Turquoise Cyan, Iris Purple နဲ့ Cocoa Gold အရောင်တွေ ထုတ်လုပ်ထားပြီး လာမယ့် ရက်သတ္တပတ်တွေအတွင်း တခြား နိုင်ငံတွေမှာ ရောင်းချနိုင်ပါတယ်။

Ref : gizmochina