Tecno က တန်ဖိုးနည်း စွမ်းရည်နိမ့် Spark Go 1 ကို ကြေညာလိုက်ပြီး Android 14 Go မောင်းနှင်ထားပါတယ်။ အဲဒီဖုန်းဟာ ဒီတစ်ပတ် အစောပိုင်းက နိုင်ဂျီးရီးယားမှာ ကြေညာခဲ့တဲ့ Tecno Pop 9 နဲ့ ဆင်တူပါတယ်။

Tecno Spark Go 1 announced with 120Hz LCD and Unsioc chipset - GSMArena.com news

Tecno Spark Go 1 မှာ 6.67” IPS LCD HD+ Display တပ်ဆင်ထားပြီး 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ Display ရဲ့ Punch Hole Cutout မှာ 8MP ဆဲလ်ဖီး ကင်မရာနဲ့ အနောက်ဘက်မှာ 13MP Main ကင်မရာ တပ်ဆင်ထားပါတယ်။

Tecno က Unisoc ရဲ့ စွမ်းရည်နိမ့် T615 Chipset သုံးထားပေးပြီး 3/4GB RAM နဲ့ 64/128GB Storage ထည့်သွင်းထားပါတယ်။ 15W Charging ထောက်ပံ့တဲ့ 5,000mAh Battery ပါလာပါတယ်။

Tecno Spark Go 1 အတွက် Startrail Black နဲ့ Glittery White အရောင်တွေ ထုတ်လုပ်ထားပြီး ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်ကို မသိရသေးပါဘူး။ အထက်ဖော်ပြပါ Specifications တွေအရ ဈေးနှုန်းချိုသာမှာ ဖြစ်ပါတယ်။

Ref : gsmarena