Tecno ဟာ သူတို့ရဲ့ Spark series ထဲက နောက်ဆုံးထွက်ဖုန်းဖြစ်တဲ့ Spark Go 5G ကို ကြေညာလိုက်ပါတယ်။ ဒီဖုန်းမှာ Spark Go 2 ထက် သိသာတဲ့ အဆင့်မြှင့်တင်မှုတစ်ချို့ ပါဝင်လာပါတယ်။ အဲဒီအထဲမှာ ပိုကြီးတဲ့ 6.74 လက်မ display၊ Dimensity 6400 chipset၊ အဆင့်မြှင့်ထားတဲ့ 50MP main camera နဲ့ 6,000 mAh ဘက်ထရီတို့ ပါဝင်ပါတယ်။
Spark Go ကို 6.74 လက်မအရွယ် IPS LCD (HD+ 120Hz) display နဲ့ တည်ဆောက်ထားပြီး 5 MP selfie ကင်မရာအတွက် punch hole ဒီဇိုင်းကို သုံးထားပါတယ်။ ဒီဖုန်းဟာ ရှေ့ကင်မရာရဲ့ punch hole ပတ်လည်မှာ notification တွေပြသပေးတဲ့ Tecno ရဲ့ Dynamic Port စနစ်ကိုလည်း သုံးနိုင်မှာ ဖြစ်ပါတယ်။
ကျောဘက်မှာတော့ Spark Go ဟာ 50 MP main camera ကို ထည့်သွင်းထားတဲ့ camera visor ဒီဇိုင်းနဲ့ လာပါတယ်။ ဒုတိယ cutout တစ်ခုပါဝင်ပေမယ့် အထဲမှာ ဘာ hardware မှ ထည့်သွင်းထားတာ မရှိပါဘူး။
Dimensity 6400 chipset ကို RAM 4GB နဲ့ storage 128GB တို့နဲ့ တွဲဖက်ပေးထားပြီး microSD card slot ကနေတစ်ဆင့် ထပ်တိုးနိုင်ပါတယ်။ ဒီဖုန်းမှာ IP64 ရေနဲ့ဖုန်ဒဏ်ကာကွယ်မှု ပါဝင်ပြီး သူ့ရဲ့ 6,000 mAh ဘက်ထရီက 18W အားသွင်းစနစ်ကို ထောက်ပံ့ပေးပါတယ်။
Spark Go မှာ Android 15 ကို အခြေခံထားတဲ့ HiOS 15 ကို သုံးထားပြီး Tecno ရဲ့ Ella AI assistant လည်း ပါဝင်လာပါတယ်။
Tecno Spark Go ကို Ink Black, Sky Blue နဲ့ Turquoise Green ဆိုတဲ့ အရောင်တွေနဲ့ ရရှိနိုင်မှာပါ။ အိန္ဒိယနိုင်ငံမှာ ဈေးနှုန်းက ရူပီး ၉,၉၉၉ ($114) ကနေ စတင်ပါတယ်။ ဩဂုတ်လ ၂၁ ရက်နေ့မှာ Flipkart ကနေ စတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
Ref : gsmarena