Tecno က တန်ဖိုးနည်း Spark 5 ကို ပြီးခဲ့တဲ့ လက ကြေညာခဲ့ပြီး အခုတော့ Tecno Spark Power 2 ကို ချပြလိုက်ပါတယ်။ Tecno Spark Power 2 မှာ Helio P22 SoC , Android 10 အခြေပြု HiOS 6.1 , 4GB RAM နဲ့ 64GB Storage ပါပါတယ်။ 256GB microSD Card စိုက်နိုင်ပါတယ်။

၇ လက်မ 20.5:9 1640x720p မျက်နှာပြင် ထည့်သွင်းထားပြီး Notch မှာ 16MP ကင်မရာ တပ်ထားပါတယ်။ အနောက်ဘက်မှာ 16MP Main , 5MP Super Wide နဲံ 2MP Macro ကင်မရာ ၃ လုံးကို ဒေါင်လိုက် တပ်ဆင်ထားပြီး နောက် ၁ လုံးက Bokeh Effect အတွက် AI Lens လို့ ဖော်ပြထားပါတယ်။

အနောက်ဘက်မှာ လက်ဗွေရာ အာရုံခံကိရိယာ တပ်ဆင်ထားပြီး ကင်မရာ ရိုက်တဲ့ ခလုတ်လိုပါ သုံးနိုင်သလို Alarms ပိတ်တာနဲ့ ဖုန်း လက်ခံတာတို့လို တခြား အလုပ်တွေ လုပ်နိုင်ပါတယ်။ နားကြပ်ပေါက်နဲ့ စပီကာ ၂ လုံး ထည့်ထားပြီး Google Assistant အတွက် Smart Key သီးခြား တပ်ထားပါတယ်။ microUSB Port ကနေ 18W နှုန်းနဲ့ အားသွင်းနိုင်တဲ့ 6,000mAh ဘက်ထရီ ပါလာပြီး ၉,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ မြန်မာငွေ  ၁ သိန်း ၈ သောင်းလောက်ပဲရှိပြီး  Ice Jadeite နဲ့  Misty Grey ၂ ရောင်ထုတ်လုပ်ထားပါတယ်။ ဒီလ ၂၃ ရက်နေ့မှာ အိန္ဒိယက Flipkart ကနေ ရောင်းမှာပါ။

Ref : gsmarena