ဒီနှစ်အစောပိုင်းတုန်းက 5.75mm ပဲထူတဲ့ concept phone တစ်လုံးဖြစ်တဲ့ Tecno Spark Slim ကို တွေ့မြင်ခဲ့ရပါတယ်။ အခုတော့ အဲဒီဖုန်းက ဈေးကွက်ထဲကို တရားဝင်ဝင်ရောက်လာဖို့ အသင့်ဖြစ်နေပါပြီ။ သူ့နဲ့အတူ နောက်ထပ်မော်ဒယ်တစ်ခုဖြစ်တဲ့ Tecno Pova Slim လည်း ပါလာပါတယ်။ နာမည်တွေမှာပါတဲ့အတိုင်း ဖုန်းနှစ်မျိုးလုံးက အလွန်ပါးလွှာပါတယ်။
Tecno Spark Slim က 5.93mm ထူပြီး အလေးချိန် ၁၅၆ ဂရမ်ပဲ ရှိတဲ့အတွက် တော်တော်မိုက်ပါတယ်။ အထူးသဖြင့် mid-range ဖုန်းတစ်လုံးအတွက်ဆို ပိုတောင်ကောင်းပါသေးတယ်။ Pova Slim ကတော့ 5.95mm ထူပြီး အလေးချိန်ကတော့ အတူတူပါပဲ။ ဒီလောက်ပါးအောင်လုပ်နိုင်ဖို့ Tecno အနေနဲ့ ဘက်ထရီ၊ စပီကာ၊ SIM card အပေါက်နဲ့ 0.45mm ပဲထူတဲ့ USB Type-C ပေါက်လိုမျိုး အတွင်းပိုင်းအစိတ်အပိုင်းတွေကို ပြန်လည်ဒီဇိုင်းထုတ်ခဲ့ရပါတယ်။
ဖုန်းနှစ်လုံးလုံးမှာပါတဲ့ အပူစုပ်စနစ်(vapor chamber) က 0.3mm ပဲထူပြီး သူတို့ရဲ့ 5,160mAh ဘက်ထရီတွေက 4.04mm ထူပါတယ်။ Tecno က သူ့ရဲ့ကိုယ်ပိုင် Honeycomb space stacking နည်းပညာကိုလည်း အသုံးပြုထားပြီး အတွင်းပိုင်းနေရာကို အထိရောက်ဆုံးဖြစ်အောင် ကူညီပေးပါတယ်။ ဖုန်းနှစ်လုံးလုံးရဲ့ ကျောဘက်မှာ 0.36mm ပဲထူတဲ့ လေယာဉ်တည်ဆောက်ရေးမှာသုံးတဲ့ fiberglass အဖုံးကို သုံးပေးထားပါတယ်။
ကျောဘက်ကင်မရာအကြောင်းပြောရရင် ဖုန်းနှစ်မျိုးလုံးမှာ 50MP main camera တစ်လုံးစီ ပါဝင်ပါတယ်။ ဒါပေမဲ့ Spark Slim မှာတော့ အခြေအနေအမျိုးမျိုးအတွက် မီးအလင်းရောင် effect တွေနဲ့ notification တွေအတွက် အထူး animation တွေပါဝင်တဲ့ Mood Light LED bar တစ်ခု ပိုပါလာပါတယ်။
တခြား specs တွေကို ပြောရရင် Spark Slim မှာ Helio G200 chipset ကို သုံးထားပြီး 5G ရတဲ့ Pova Slim မှာတော့ MediaTek ရဲ့ Dimensity 6400 ကို သုံးထားပါတယ်။ ဖုန်းနှစ်မျိုးလုံးမှာ 144Hz refresh rate နဲ့ အမြင့်ဆုံးတောက်ပမှု 4,500 nits ရှိတဲ့ AMOLED screen အကွေးကို သုံးပေးထားပါတယ်။
ဖုန်းနှစ်မျိုးလုံးမှာ 5,160mAh ဘက်ထရီတွေပါပြီး 45W ကြိုးတပ်အားသွင်းစနစ်နဲ့ 10W reverse wired charging စနစ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် IP64 ရေနဲ့ဖုန်ဒဏ်ခံနိုင်မှု၊ Android 15 အခြေခံ HiOS နဲ့ Tecno ရဲ့ AI နည်းပညာတွေကိုလည်း ထည့်သွင်းပေးထားပါတယ်။
Tecno အနေနဲ့ ဒီဖုန်းနှစ်မျိုးလုံးရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့်အသေးစိတ်အချက်အလက်တွေကို ဒီအပတ်နှောင်းပိုင်းမှာ ထုတ်ဖော်ကြေညာသွားဖို့ ရှိပါတယ်။
Ref : gsmarena