Tecno က ဂိမ်းအသားပေးထားပြီး ဒီဇိုင်းဆန်းတဲ့ Pova 6 Pro ကို ကြေညာလိုက်ပါတယ်။ အဲဒီဖုန်းမှာ 6nm Dimensity 6080 Chip , 8GB or 12GB RAM ထည့်သွင်းထားပါတယ်။

Tecno unveils Pova 6 Pro with 6,000mAh battery, Dimensity 6080, 108MP camera

6.78” FHD+ AMOLED 120Hz မျက်နှာပြင် တပ်ဆင်ထားပြီး 70W Charging နဲ့ 10W Reverse Charging ထောက်ပံ့တဲ့ အရွယ်ကြီး 6,000mAh Battery ပါပါတယ်။ Meteorite Grey နဲ့ Comet Green အရောင်တွေ ထုတ်လုပ်ထားပါတယ်။ တချို့ဧရိယာတွေမှာ အတွင်းဘက်ကို ဖောက်ထွင်းမြင်ရတဲ့ Dynamic-Tech Design ကို အသုံးပြုထားပြီး Dynamic-Light Effect လို့ခေါ်တဲ့ LED မီးလုံးတွေ ထည့်သွင်းထားပါတယ်။

Tecno unveils Pova 6 Pro with 6,000mAh battery, Dimensity 6080, 108MP camera

ကင်မရာ ၃ လုံးထဲက ၁ လုံးပတ်လည်မှာ Dynamic-Eye လို့ခေါ်တဲ့ စက်ဝိုင်းပုံ LED မီးလုံးတွေ တပ်ဆင်ထားပါတယ်။ LED ၂၁၀ လုံးနဲ့ Lighting Mode ၉ ခု ပါလာပြီး User က ရွေးချယ်နိုင်တဲ့ Effect ၁၀၁ ခု ထည့်သွင်းထားပါတယ်။

အနောက်ဘက်မှာ 108MP Main (3x Zoom, 10x Digital Zoom) , 2MP Depth နဲ့ AI Cam ကင်မရာ ၃ လုံးပါလာပြီး အရှေ့ဘက်မှာ 32MP ဆဲလ်ဖီး ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ ဘူးထဲမှာ 70W Charger , USB Cable , Case နဲ့ SIM Eject Tool ပါပါတယ်။ Tecno Pova 6 Pro ရဲ့ ဈေးနှုန်းကို မသိရသေးပါဘူး။

Ref : gsmarena