Tecno က ပထမဆုံး Clamshell Foldable စမတ်ဖုန်း ဖြစ်တဲ့ Phantom V Flip ကို ကြေညာလိုက်ပါတယ်။ အပြင်ဘက်မှာ စက်ဝိုင်းပုံ OLED မျက်နှာပြင် တပ်ဆင်ထားပြီး Ring မှာ ကင်မရာ ၂ လုံးနဲ့ LED Flash ၁ လုံး တပ်ဆင်ထားပါတယ်။ အတွင်းဘက်မှာ 6.9” Foldable LTPO AMOLED မျက်နှာပြင် တပ်ဆင်ထားပါတယ်။

Tecno's first clamshell foldable Phantom V Flip is now official

Phantom V Flip မှာ MediaTek Dimensity 8050 Chipset မောင်းနှင်ထားပြီး Octa-core CPU ပါပါတယ်။ 256GB Storage နဲ့ 8GB RAM ထည့်သွင်းထားပြီး Extended Memory Software လုပ်ဆောင်ချက်ကနေ 8GB RAM အထိ တိုးချဲ့နိုင်ပါတယ်။

Tecno's first clamshell foldable Phantom V Flip is now official

ပင်မ မျက်နှာပြင်က 120Hz Refresh Rate နဲ့ 1000 Nits Brightness ထောက်ပံ့ထားပြီး အပြင်ဘက်က 1.32” မျက်နှာပြင်မှာ Widgets များစွာနဲ့  Notification တွေကို ပြသပေးပါတယ်။ ဆဲလ်ဖီးတွေ ရိုက်ဖို့အတွက် Viewfinder လို သုံးနိုင်ပါတယ်။

Tecno's first clamshell foldable Phantom V Flip is now official

64MP Main ကင်မရာနဲ့ 13MP Ultrawide Angle ကင်မရာတွေ တပ်ဆင်ထားပါတယ်။ အတွင်းဘက်မှာ 32MP ကင်မရာ ထည့်သွင်းထားပါတယ်။

Tecno's first clamshell foldable Phantom V Flip is now official

ဖုန်းကို ဖြန့်ထားတဲ့ အချိန်မှာ ၁၇၁ မီလီမီတာ ရှည်ပြီး ၇ မီလီမီတာ ထူပါတယ်။ 4,000mAh Battery တပ်ဆင်ထားပြီး 45W Wired Charging ထောက်ပံ့ထားပါတယ်။

Tecno Phantom V FlipTecno Phantom V Flip

Tecno က Google , Siri , Bixby , Celia တို့ကို ယှဉ်ပြိုင်မယ့် ဉာဏ်ရည်မြင့် လုပ်ဆောင်ချက်တွေ ပါတဲ့ EllaGPT အမည်ရ Personal Assistant ထည့်သွင်းထားတယ်လို့ ပြောပါတယ်။

Black နဲ့ Purple အရောင်တွေ ထုတ်လုပ်ထားပြီး ၆၀၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena