ပြီးခဲ့တဲ့ ဇွန်လတုန်းက Telegram 7.8 မှာ Group video call ခေါ်ဆိုမှုကို ထည့်သွင်းပေးခဲ့ပါတယ်။ ဒီ “Group video call” ဟာ အကန့်အသတ်တော့ရှိခဲ့ပြီး အသုံးပြုသူ အယောက် ၃၀ အထိပဲ ဗီဒီယိုရိုက်ကူးထုတ်လွှင့်တာ၊ Screen Sharing လုပ်နိုင်တာမျိုး ဖြစ်ပါတယ်။

Telegram ကတော့ ဒီလိုမျိုး အကန့်အသတ်ဟာ “ကမ္ဘာပေါ်မှာရှိတဲ့သူအားလုံး Group call တစ်ခုတည်းမှာပေါင်းဆုံကြတဲ့အထိ” ကျယ်ပြန့်လာမယ်လို့ ခပ်ရွှန်းရွှန်း ပြောဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Video Messages ကို 2.0 အထိ Update ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ အခုအချိန်မှာ ဗီဒီယိုခေါ်ဆိုမှုဟာ ပိုပြီးအဆင့်မြင့်လာပြီဆိုတာပါပဲ။

အခုအချိန်မှာ Group video call အသုံးပြုသူ ၃၀ အထိ ကင်မရာနဲ့ Screen တွေကနေ ဗီဒီယိုတွေကို ထုတ်လွှင့်သွားနိုင်မှာဖြစ်ပြီး လူအယောက် တစ်ထောင်က ကြည့်ရှုနိုင်တော့မှာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Video message အတွက် စက်ဝိုင်းကိုဖိပြီး Resolution ကို ပိုမြင့်အောင် ချိန်ညှိနိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် Video message ကို Pause ပြုလုပ်ပြီး ပြုပြင်နိုင်မှာပါ။

Voice messages တွေကိုလည်း Record ပြုလုပ်ထားနိုင်ပြီဖြစ်သလို နောက်ခံ Audio ကလည်း Pause ဖြစ်သွားမှာ မဟုတ်ပါဘူး။ Telegram ကတစ်ဆင့်ပေးပို့ထားတဲ့ ဗီဒီယိုတွေကို 0.5X, 1.5X ဒါမှမဟုတ် 2.0X မြန်နှုန်းတွေနဲ့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Android မှာတော့ 0.2X speed လည်း ထောက်ပံ့ပေးထားမှာ ဖြစ်ပါတယ်။

တစ်ဦးချင်း 1-on-1 video call ခေါ်ဆိုမှုတွေမှာ Screen ကို Audio နဲ့အတူ မျှဝေနိုင်မှာလည်း ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ Messages တွေကို တစ်လအကြာမှာ အလိုအလျောက်ဖျက်ပစ်နိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါဝင်လာပါတယ်။ Passcode screen မှာ Animations တွေ ပိုများလာသလို Dance emojis, fist bumps, broken hearts နဲ့ Sad-face emojis တွေအပါအဝင် Animated emojis အသစ်တွေလည်း ပါဝင်လာတာဖြစ်ပါတယ်။

Ref: GSM Arena