ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက Facebook ရဲ့ Server တွေ ပြဿနာဖြစ်ပေါ်ခဲ့တာကြောင့် Facebook ၊ Instagram နဲ့ WhatsApp တွေကို အချိန် ၆ နာရီဝန်းကျင် အသုံးပြုနိုင်ခဲ့ခြင်းမရှိအောင် ပြတ်တောက်ခဲ့ပါတယ်။ အဲ့ဒီအချိန်အတွင်းမှာ Facebook နဲ့ ဆက်စပ်တဲ့ Service တွေကို တစ်ခုမှ အသုံးပြုနိုင်ခြင်းမရှိခဲ့တာကြောင့် တခြားသော Messaging App အပြင် Twitter လိုမျိုး Social Media တွေကို အသုံးပြုမှု မြင့်တက်ခဲ့ပါတယ်။

အခုလိုမျိုး အသုံးပြုမှုမြင့်တက်ခဲ့တဲ့အထဲမှာ Messaging App တစ်ခုဖြစ်တဲ့ Telegram လည်းပါဝင်ခဲ့ပါယ်။ ဘာကြောင့်လဲဆိုရင် Telegram ရဲ့ CEO ဖြစ်တဲ့ Pavel Durov ရဲ့ ပြောကြားချက်အရ Facebook အသုံးပြုနိုင်ခြင်းမရှိခဲ့တဲ့အချိန် ၆ နာရီအတွင်းမှာ Telegram ကို အသုံးပြုသူအသစ်ပေါင်း သန်း ၇၀ ခန့်ရှိခဲ့တာကြောင့်ဖြစ်ပါတယ်။

Telegram ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ရယူထားတဲ့ စစ်တမ်းအရ လစဥ်အသုံးပြုသူ သန်း ၅၀၀ အထိရှိနေပြီဖြစ်တာကြောင့် အခုတိုးလာတဲ့ သန်း ၇၀ ဟာ စုစုပေါင်း အသုံးပြုသူရဲ့ ၁၀ ရာခိုင်နှုန်းကျော် တိုးလာတာဖြစ်ပါတယ်။ အစောပိုင်းတုန်းကလည်း Facebook ကနေ ကြော်ငြာတွေအတွက် Policy အသစ်ကို ကြေညာခဲ့တာကြောင့် လုံခြုံရေးပိုင်းအတွက် Telegram ကိုပြောင်းလဲအသုံးပြုသူ အများအပြားရှိခဲ့ပါသေးတယ်။

Telegram ရဲ့ CEO ကတော့ အခုလိုမျိုး အသုံးပြုသူအသစ်တွေများပြားလာတာကို ကြိုဆိုတယ်လို့ ပြောကြားခဲ့ပြီး တခြားသော Messaging App တွေထက် လုံခြုံရေးပိုင်းကို အားစိုက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Video Calling ၊ Live Streaming အပါအဝင် Feature အသစ်တွေကိုလည်း အာရုံစိုက်ပြီး နောက်ထပ် Feature အသစ်တွေကိုပါ ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Telegram လိုမျိုးပဲ Secure Messaging App တစ်ခုဖြစ်တဲ့ Signal ကလည်း Facebook ပြတ်တောက်မှုဖြစ်ပွားတာကြောင့် အသုံးပြုသူအသစ်တွေ အများအပြားတိုးလာခဲ့ပါသေးတယ်။

Ref – The Verge