Telegram ရဲ့ နောက်ဆုံးထုတ် Update မှာ ဒီဇိုင်း အသစ်နဲ့ လုပ်ဆောင်ချက် ပြောင်းလဲမှုတွေ ပါလာတယ်။ iOS Users တွေအတွက် Download Manager အသစ် ထည့်သွင်းထားပြီး ဖိုင်တွေရဲ့ Download အခြေအနေနဲ့ ဦးစားပေး Download Controls တွေကို ပြသပေးတဲ့ Attachment Menus ကို ဒီဇိုင်း ဆန်းသစ်ထားပါတယ်။

Telegram gets new download manager, live streaming with other apps and more with latest update - GSMArena.com news

Apple Users တွေအတွက် Contacts တွေနဲ့ မျှဝေဖို့ ဖိုင်နဲ့ ဓါတ်ပုံများစွာကို ရွေးချယ်နိုင်တဲ့ Attachment Menu အသစ် ထည့်သွင်းပေးထားပါတယ်။ Android Users တွေအတွက် Night Mode မှာ အလုပ်လုပ်တဲ့ Transparent Headers ပါတဲ့ Semi-transparent Interface ပါလာပါတယ်။

Telegram gets new download manager, live streaming with other apps and more with latest update - GSMArena.com news

Live Streaming with other apps လုပ်ဆောင်ချက် အသစ်ကြောင့် OBS Studio နဲ့ XSplit Broadcaster တို့လို Tools တွေကို အသုံးပြုကာ Telegram Channels တွေမှာ Live Stream တွေ ထုတ်လွှင့်နိုင်ပါတယ်။

Android နဲ့ macOS တွေမှာ Login ဒီဇိုင်းကို ဆန်းသစ်ထားပြီး ချောမွတ်တဲ့ Animations အသစ်တွေ ထည့်သွင်းထားပါတယ်။ Telegram Users အားလုံးဟာ အခုဆိုရင် သူတို့ရဲ့ ဖုန်းနံပါတ်ကို Link အနေနဲ့ မျှဝေနိုင်ပါပြီ။ Telegram မှာ Login မဝင်ထားရင်တောင် t.me Pages တွေကို ဘရောက်စာမှာ Preview ကြည့်နိုင်တဲ့ လုပ်ဆောင်ချက်ကို ထည့်သွင်းပေးလိုက်ပါတယ်။

Ref : gsmarena