အခုနောက်ပိုင်းမှာ Telegram ဟာ Feature တွေ အတော်လေးစုံလင်လာတယ်လို့ ဆိုနိုင်ပါတယ်။ အခြား Messenger တွေနဲ့ယှဉ်ရင် Telegram က Feature တွေထည့်ပေးတာမြန်တယ်လို့တော့ သတ်မှတ်နိုင်ပါတယ်။ ဒီအမြန်နှုန်းကျဆင်းသွားမဲ့ အရိပ်အယောင်လည်း အခုထိမမြင်ရသေးတာတော့ အမှန်ပါ။

သိပ်မကြာသေးခင်ကပဲ Telegram မှာ Spoiler တွေကို Hide လုပ်နိုင်တဲ့ စွမ်းရည်ထည့်သွင်းနိုင်ဖို့ကြိုးစားနေကြောင်း တွေ့ခဲ့ရပြီးပါပြီ။ အခုလည်း နောက်ထပ်အသစ်ထွက်လာမဲ့ Feature ကို တွေ့လာရပြန်ပါပြီ။ ဒါဟာ iOS beta အဖြစ် အကောင်အထည်ပေါ်နေတာပါ။

App ဟာ Default အနေနဲ့ရွေးချယ်ထားတဲ့ Reaction emoji ၁၁ ခုရှိပြီး Message နဲ့ပတ်သက်လို့ ဘယ်လိုခံစားရတယ်ဆိုတာကိုပြသဖို့ လက်မထောင်ပြတာ၊ လက်မအောက်စိုက်ပြတာ၊ အသည်းပုံပေးတာ၊ ရယ်မောတာ စတဲ့ သင်္ကေတတွေ ဖြစ်ပါတယ်။ Group တွေထဲမှာလည်း ဘယ်သူက ဒီ Emoji နဲ့ တုံ့ပြန်တယ်ဆိုတာကို မြင်တွေနိုင်ပြီး Admin တွေအနေနဲ့ ဒီ Feature ကို Group တစ်ခုအလိုက် ဒါမှမဟုတ် Channel အလိုက် ပိတ်ထားနိုင်မယ်လို့ သိရပါတယ်။ သတ်မှတ်ထားတဲ့ အရေအတွက်အနည်းငယ်ကိုပဲ ဒီလိုတုံ့ပြန်ခွင့်ပြုဖို့လည်း ကန့်သတ်ထားနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် Emoji တစ်ခုနှိပ်လိုက်တိုင်း အလားတူပုံစံငယ်လေးတွေ မီးပန်းပေါက်သလိုဖြာထွက်ကျလာတာကိုလည်း တွေ့မြင်နိုင်ပါတယ်။ လတ်တလောတော့ ဒီ Feature ကို iOS beta မှာပဲရသေးတယ်ဆိုပေမဲ့ မကြာခင်အချိန်အတွင်း Android အပါအဝင် ကုမ္ပဏီကပံ့ပိုးပေးထားတဲ့ ပလက်ဖောင်းအားလုံးဆီ ပို့ဆောင်လာမယ်လို့ ယုံကြည်ရပါတယ်။

Ref: Android Police