Telegram မှာ Toncoin လို့ ခေါ်တဲ့ Cryptocurrency တွေ ပေးပို့နိုင်ပါပြီ။ Telegram ရဲ့ Chat ကနေ တိုက်ရိုက် ပေးပို့နိုင်တာ ဖြစ်ပြီး TON (The Open Network) က ဝန်ဆောင်ခ ပေးစရာမလိုဘဲ Telegram မှာ Toncoin တွေ ပေးပို့နိုင်ပြီလို့ တွစ်တာမှာ ကြေညာထားပါတယ်။

TON က Crypto တွေ ပေးပို့နိုင်တဲ့ နည်းလမ်းကို ပြသထားတဲ့ ဗီဒီယို ၁ ခုကို မျှဝေထားပါတယ်။ အရင်ဆုံး သင့်ရဲ့ Attachment Menu မှာ Telegram ရဲ့ Wallet Bot ကို ထည့်သွင်းရမှာ ဖြစ်ပြီး အဲဒီကနေ ဘဏ်ကဒ်နဲ့ Cryptocurrency တွေ ဝယ်ယူနိုင်၊ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။

Telegram Messenger on the App Store

Crypto တွေ ပေးပို့ဖို့ အဆင်သင့် ဖြစ်ပြီဆိုရင် Chat ၁ ခုမှာ သင့်ရဲ့ Attachment Menu ကနေ Wallet ကို ဆွဲချပြီး ပေးပို့ချင်တဲ့ Toncoin ပမာဏကို ထည့်သွင်းရမှာ ဖြစ်ပါတယ်။ အသေးစိတ် သတင်းအချက်အလက်တွေကို စစ်ဆေးပြီးတာနဲ့ Send ခလုတ်ကို နှိပ်ကာ ပေးပို့နိုင်ပါတယ်။ ဒါဆိုရင် Recipient က Toncoin ကို Chat ကနေ လက်ခံရရှိမှာ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ်မှာ Telegram ဟာ Securities and Exchange Commission (SEC) ရဲ့ ဖိအားတွေကို ရင်ဆိုင်ရပြီးနောက်မှာ Cryptocurrency စီမံကိန်းကို ရပ်နားခဲ့ရပါတယ်။ အဲဒီ စီမံကိန်းရဲ့ အမည်က Telegram Open Network (TON) ဖြစ်ပြီး Telegram CEO Pavel Durov နဲ့ သူ့ ညီအစ်ကို Nikolai တို့က ၂၀၁၈ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ ၁ နှစ်ကြာပြီးနောက်မှာ SEC က TON Blockchain နဲ့ ချိတ်ဆက်ထားတဲ့ Token ဖြစ်တဲ့ Gram ရောင်းချတာကို ရပ်နားဖို့ Telegram ကို အမိန့်ထုတ်ခဲ့ပါတယ်။

Ref : theverge