အောက်တိုဘာလဆန်းတုန်းက Facebook ပြတ်တောက်မှုဖြစ်ပွားပြီးတဲ့နောက် အကျိုးအမြတ်များသူတွေထဲမှာ Telegram လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် တစ်ရက်တည်းမှာတင် Install ပြုလုပ်သူ သန်း ၇၀ အထိ ရှိခဲ့တာပါ။ အခုဆိုရင် အဲဒီအကျိုးအမြတ်က Telegram အတွက် မှတ်တိုင်တစ်ခုတောင် ဖြစ်လာခဲ့ပါပြီ။

Third-party messaging client ဖြစ်တဲ့ Telegram ဟာ Google Play Store မှာ Download ပြုလုပ်မှုကြိမ်ရေ ၁ ဘီလီယံ ကျော်သွားခဲ့ပြီး Exclusive and limited club ကို ဝင်ရောက်သွားပြီ ဖြစ်ပါတယ်။ Telegram ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလတုန်းက လစဉ် Active ဖြစ်သူဦးရေက သန်း ၅၀၀ ကျော်သာရှိခဲ့ပါတယ်။

Telegram ရဲ့ ဒီရလဒ်က Facebook ပိုင် ဝန်ဆောင်မှုတွေ ပြတ်တောက်ခဲ့ရခြင်းတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။ WhatsApp ရဲ့ အကောင့်တစ်ခုကို စမတ်ဖုန်းတစ်လုံးမှာပဲ Login ဝင်ခွင့်ပြုခဲ့တဲ့ တင်းကျပ်မှုတွေကြောင့် ပိုပြီးခွင့်ပြုပေးတဲ့ Telegram ကို ရွေးချယ်လာကြတာကလည်း အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။

Telegram ဟာ ဒီနှစ်ထဲမှာတင် လုံခြုံရေးဆိုင်ရာအဆင့်မြှင့်တင်မှုတွေအပြင် Group Video Call, Video Playback Speed အပါအဝင် အခြားထောက်ပံ့မှုတွေကိုလည်း ထည့်သွင်းပေးလာတာကို တွေ့မြင်ရပါတယ်။ သတင်းခေါင်းစဉ်မှာဖော်ပြထားတဲ့ အရေအတွက်ဟာ Telegram ကို Download ပြုလုပ်တဲ့အရေအတွက်သာဖြစ်ပြီး လစဉ်ပုံမှန်အသုံးပြုသူဦးရေကတော့ ဘယ်လောက်ရှိတယ်ဆိုတာကို မသိရသေးပါဘူး။

Ref: 9To5Google