လုံခြုံစိတ်ချရပြီး မြန်ဆန်တဲ့အသုံးပြုမှုအတွေ့အကြုံကို ပေးတဲ့ Messaging app တွေထဲမှာ Telegram လည်း တစ်ခုအဖြစ် ပါဝင်ပါတယ်။ အခုအချိန်မှာတော့ Telegram ဟာ အခမဲ့သုံးနိုင်ပြီး ဖွံ့ဖြိုးတိုးတက်မှုတွေထပ်ဖြည့်နေတာကို တွေ့မြင်နိုင်ပါတယ်။ မကြာခင်မှာတော့ အခပေးပြီးသုံးစွဲရတဲ့ ကဏ္ဍတွေလည်း ထွက်ပေါ်လာမှာ ဖြစ်ပါတယ်။

Alessandro Paluzzi ကတော့ Telegram ဟာ Premium အဆင့်ကိုရောက်ရှိဖို့ ပိုပြီးနီးကပ်လာကြောင်း တွေ့ရှိရတယ်လို့ ရေးသားလိုက်ပါတယ်။ Messaging app ကို Install ပြုလုပ်ချိန် Welcome screen မှာ အပြောင်းအလဲကိုသိသာစေတဲ့ သဲလွန်စကိုတွေ့နိုင်တယ်လို့ ဆိုပါတယ်။ သဲလွန်စကတော့ စာသားတွေပါပဲ။

အခုအချိန်မှာ Telegram ဟာ ထာဝရ အခမဲ့ ဖြစ်သည်။ ကြော်ငြာမရှိ။ Subscription fees မရှိ လို့ဖတ်ရပါလိမ့်မယ်။ ဒါပေမဲ့ အပြောင်းအလဲမှာတော့ “Telegram က Chats နဲ့ Media အတွက် Cloud storage ကို အကန့်အသတ်မဲ့ ထောက်ပံ့ပေးမည်” လို့အဓိပ္ပါယ်ရတဲ့ စာသားတွေနဲ့ အစားထိုးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် Subscription-based plan ကို စတင်လုပ်ဆောင်နေပြီး မကြာခင်မိတ်ဆက်လာမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ပါတယ်။

ဒါတင်မကသေးပါဘူး။ တူညီတဲ့ Developer ဟာ Telegram က သူ့ရဲ့ Paid accounts အတွက် ကမ်းလှမ်းလာမဲ့ Exclusive features အချို့ကိုလည်း မီးမောင်းထိုးပြခဲ့ပါသေးတယ်။ Chat lists မှာ အသုံးပြုသူရဲ့ နာမည်ဘေးမှာ Star badge ပေါ်လာမှာဖြစ်ပြီး Exclusive stickers နဲ့ Reactions တွေ အသုံးပြုခွင့်ရမှာ ဖြစ်ပါတယ်။ Subscription ကုန်ကျစရိတ်ကိုတော့ မသိရသေးပါဘူး။ ဒါပေမဲ့ သိပ်မကြာခင်သိလာရမယ်လို့ ခန့်မှန်းရပါတယ်။

Ref: GSM Arena