Tesla ဟာ လွန်ခဲ့တဲ့ ၅ နှစ်အကြာက လျှပ်စစ် ထရပ်ကားတွေကို ကြေညာခဲ့ပြီး အခုတော့ ဝယ်ယူသူတွေထံ စတင် ပို့ဆောင်ပေးနေပါပြီ။ ဒါပေမယ့် ၃ နှစ်နောက်ကျပြီးမှ ပို့ဆောင်နိုင်တာ ဖြစ်ပါတယ်။

It's real:" Tesla finally delivers Semi electric truck that "drives like a Model 3"

Tesla ဟာ လျှပ်စစ် ထရပ်ကားတွေကို ၂၀၁၇ ခုနှစ်က ကြေညာခဲ့တာ ဖြစ်ပြီး ၂၀၁၉ မှာ ထုတ်လုပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် အစိတ်အပိုင်းတွေ ပြတ်တောက်တာနဲ့ ကပ်ရောဂါတို့လို ပြဿနာအမျိုးမျိုးကြောင့် ထုတ်လုပ်မှု နောက်ကျခဲ့ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက လျှပ်စစ် ထရပ်ကားကို Tesla က ကြေညာပြီးနောက်မှာ PepsiCo က အစီးရေ ၁၀၀ ကို မှာယူခဲ့တာပါ။

Tesla reveals long-awaited Semi truck and begins first deliveries | TechCrunch

Tesla က လျှပ်စစ် ထရပ်ကားတွေကို မပို့ဆောင်နိုင်သေးခင်မှာ Renault ရဲ့ နောက်ကောက်ချတာကို ခံခဲ့ရပါတယ်။ Renault ဟာ Coca Cola ကို လျှပ်စစ်ထရပ်ကားတွေ ပို့ဆောင်ပေးပြီးပြီ ဖြစ်ပါတယ်။ Tesla ရဲ့ ထရပ်ကားအကြောင်းပြောရရင် အနောက်ဘက်မှာ မော်တာ ၄ လုံး တပ်ဆင်ထားပြီး စက္ကန့် ၂၀ အတွင်း ၀ ကနေ ၆၀ မိုင် အမြန်နှုန်း ရရှိစေပါတယ်။ ဘက်ထရီ သက်တမ်းက မိုင် ၅၀၀ အထိ မောင်းနှင်နိုင်တာက အထင်ကြီးစရာပါ။ ထရပ်ကားရဲ့ ဈေးနှုန်းက ဒေါ်လာ ၁၅၀,၀၀၀ ကစပြီး အဲဒီကားတွေကို Walmart နဲ့ FedEx တို့လို နာမည်ကြီး ကုမ္ပဏီတွေက မှာယူထားပါတယ်။

မကြာခင်က Elon Musk ဟာ ထရပ်ကား ၈ စီးကို ကုန်ပစ္စည်း ၈၁,၀၀၀ ပေါင် တင်ဆောင်ပြီး မိုင် ၅၀၀ ခရီးကို စမ်းသပ်မောင်းနှင်ပြီးပြီလို့ ကြေညာခဲ့ပါတယ်။

Ref : gizmochina