Tesla ကုမ္ပဏီဟာ သူ့ရဲ့ဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ Jay Li ကို တရားစွဲဆိုထားပါတယ်။ အကြောင်းကတော့ Jay Li ဟာ Tesla ရဲ့ Optimus လူတူစက်ရုပ် ပရိုဂရမ်ကနေ အရေးကြီးတဲ့ နည်းပညာလျှို့ဝှက်ချက်တွေကို ခိုးယူခဲ့ပြီး၊ အဲဒီနည်းပညာတွေနဲ့ Proception ဆိုတဲ့ ပြိုင်ဘက် စက်ရုပ်ကုမ္ပဏီကို တည်ထောင်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ Jay Li ဟာ ၂၀၂၄ ခုနှစ်မှာ Tesla ကနေ အလုပ်ထွက်ပြီးနောက် Proception ကုမ္ပဏီကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

Elon Musk Talks Up Robot Friends and Tries to Woo Advertisers to X, and More

Li ဟာ စက်ရုပ်လက်ဆန်ဆာတွေနဲ့ ပတ်သက်တဲ့ ဖိုင်တွေကို ဒေါင်းလုပ်ရယူခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ Tesla က ဒီခိုးယူမှုကြောင့် Proception ဟာ စက်ရုပ်လက်ပိုင်းဆိုင်ရာ နည်းပညာကို အချိန်တိုအတွင်း တီထွင်နိုင်ခဲ့ပြီး အသာစီးရခဲ့တယ်လို့ ဆိုပါတယ်။ Tesla ရဲ့ လူတူစက်ရုပ် ဒီဇိုင်းနဲ့ တူတဲ့ လူတူစက်ရုပ်လက်တွေကို Proception ဟာ လအနည်းငယ်အတွင်း တီထွင်နိုင်ခဲ့ပါတယ်။

Elon Musk Launches Optimus Robot As Greatest Product Ever

ဒါကြောင့် Tesla ဟာ Proception ကို အဆိုပါနည်းပညာတွေ ဆက်မသုံးဖို့ တားမြစ်ပေးဖို့နဲ့ နစ်နာကြေးရဖို့ တရားရုံးမှာ တောင်းဆိုနေပါတယ်။ Tesla က Li ဟာ နှစ်ပေါင်းများစွာ သုတေသန ပြုလုပ်ထားတဲ့ နည်းပညာ လျှို့ဝှက်ချက်တွေကို ရယူခဲ့ပြီး တရားမမျှတတဲ့ အသားစီးရမှုကို ပိုင်ဆိုင်သွားတယ်လို့ ပြောပါတယ်။

Jay Li နဲ့ Proception ဘက်ကတော့ ဒီစွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး ခုထိ တရားဝင်ပြန်လည်ဖြေရှင်းချက် မပေးသေးပါဘူး။

Ref : Tech Explorers