Tesla ဟာ လျှပ်စစ်ကား ဈေးကွက်မှာ အောင်မြင်နေပြီး ရောင်းအား အကောင်းဆုံးက Model Y ဖြစ်လာပါတယ်။ စက်တင်ဘာလမှာ Tesla Model Y ဟာ ဩစတြေးလျနဲ့ ဂျာမနီရဲ့ ရောင်းအား အကောင်းဆုံး ကား ဖြစ်လာပါတယ်။ အခုတော့ JATO Dynamics ရဲ့ စစ်တမ်းအရ Tesla Model Y ဟာ ဥရောပရဲ့ ရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။

Tesla Model Y electric cars

စစ်တမ်းအရ စက်တင်ဘာလအတွင်း ဥရောပမှာ Tesla Model Y ကား အစီးရေ ၂၉,၃၆၇ ရောင်းချခဲ့ရပြီး အရင်နှစ်ကထက် ရောင်းအား ၂၂၇ ရာခိုင်နှုန်း တိုးတက်လာပါတယ်။  ဥရောပမှာ နံပါတ် ၁ ရောင်းအား အကောင်းဆုံး ဖြစ်လာပါတယ်။

2022 Tesla Model Y Review, Ratings, Specs, Prices, and Photos - The Car Connection

ဒီနှစ် ဩဂုတ်လမှာ ကုမ္ပဏီဟာ ဥရောပမှာ ဈေးချိုတဲ့ နောက်ဘီးမောင်း Model Y မော်ဒယ်ကို ရောင်းချခဲ့ပြီး ၄၅၅ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ အရင်က ရောင်းချခဲ့တဲ့ မော်ဒယ်က ၅၃၃ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။ နောက်ဘီးမောင်း မော်ဒယ်ရဲ့ အမြန်နှုန်းဟာ ၁ နာရီကို ၂၁၇ ကီလိုမီတာ ဖြစ်ပြီး ၆.၉ စက္ကန့်အတွင်း ၁ နာရီကို ၀ ကနေ ၁၀၀ ကီလိုမီတာ အထိ အရှိန်မြှင့်နိုင်ပါတယ်။

ဈေးနှုန်းကို ပြောရရင် နောက်ဘီးမောင်း မော်ဒယ်ကို နယ်သာလန်မှာ ယူရို ၅၀,၀၀၀ သတ်မှတ်ထားပြီး အရင်မော်ဒယ်ထက် ယူရို ၁၆,၀၀၀ သက်သာပါတယ်။ အမေရိကန်မှာ ဒေါ်လာ ၂၀,၀၀၀ လောက် ပိုသက်သာသွားနိုင်ပါတယ်။ ဥရောပ နိုင်ငံတချို့မှာ နောက်ဘီးမောင်း Model Y ဟာ Model 3 ထက်တောင် ဈေးသက်သာပါတယ်။

Ref : gizchina