Tesla က ဒီလကုန်မှာ ကျင်းပမယ့် “Artificial Intelligence Day” မှာ Optimus လူတူ စက်ရုပ်ကို ပြသမယ်လို့ သတင်းထွက်နေပါတယ်။ ကုမ္ပဏီဟာ တက္ကဆပ် စက်ရုံမှာ အဲဒီ စက်ရုပ် မြောက်များစွာကို အသုံးပြုမယ့် အဆင့်မြင့် စီမံကိန်း ရှိပါတယ်။ ကုမ္ပဏီက အဲဒီ စက်ရုပ်ကို အလုပ်သမားများစွာနေရာမှာ အစားထိုး သုံးစွဲမှာပါ။

Tesla Optimus

အခုနောက်ဆုံး ထွက်လာတဲ့ သတင်းအရ Tesla ရဲ့ Optimus လူတူ စက်ရုပ်ဟာ တက္ကဆပ်က ကုမ္ပဏီရဲ့ စက်ရုံမှာ ဝန်ထမ်းတွေအဖြစ် အလုပ်လုပ်ကိုင်မှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ကမ္ဘာအဝန်းမှာ အဲဒီ စက်ရုပ် သန်းပေါင်းများစွာကို အသုံးပြုဖို့ စီစဉ်နေပါတယ်။

Tesla Optimus

Musk က အနာဂတ်မှာ Optimus လူတူ စက်ရုပ်ကို နေအိမ်တွေမှာ အသုံးပြုနိုင်မှာ ဖြစ်ပြီး ဟင်းချက်တာ၊ မြက်ခင်း ရှင်းလင်းတာနဲ့ သက်ကြီး ရွယ်အိုတွေကို စောင့်ရှောက်တွေကို ပြုလုပ်ပေးနိုင်မယ်လို့ အရင်က ပြောခဲ့ဖူးပါတယ်။ Musk က အဲဒီ စက်ရုပ်ဟာ လူသားတွေရဲ့ အဖော်ဖြစ်လာဖို့အထိတောင် ရည်မှန်းထားပါတယ်။

Musk က စက်ရုပ်လုပ်ငန်းဟာ Tesla ကား လုပ်ငန်းရဲ့ ဝင်ငွေထက် ပိုကောင်းမယ်လို့ မျှော်လင့်ထားပါတယ်။ ဒီနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှာ ပြုလုပ်မယ့် “Artificial Intelligence Day” မှာ Optimus လူတူ စက်ရုပ်ရဲ့ နမူနာ မော်ဒယ်ကို ပြသမှာ ဖြစ်ပါတယ်။ Musk က အဲဒီ စက်ရုပ်ကို ဖန်တီးနေပြီး နောက်နှစ်မှာ စတင် ထုတ်လုပ်မယ်ဆိုတာကို တွစ်တာမှာ အတည်ပြုထားပါတယ်။

Ref : gizchina