လွန်ခဲ့တဲ့ ၂ နှစ်က တက္ကဆပ် ကားထုတ်လုပ်တဲ့ စက်ရုံမှ Tesla ရဲ့ စက်ရုပ် ၁ ရုပ်ဟာ အင်ဂျင်နီယာ ၁ ယောက်ကို တိုက်ခိုက်လို့ သွေးထွက်သံယို ဖြစ်ပွားခဲ့တယ်လို့ သတင်းထွက်လာပါတယ်။

Un robot de Tesla ataca a un ingeniero en la fábrica de Texas

ဒီဖြစ်ရပ်ဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အင်ဂျင်နီယာ ၁ ယောက်ဟာ တက္ကဆပ်၊ အော်စတင်မှ Tesla ရဲ့ စက်ရုံမှာ ကား ထုတ်လုပ်တဲ့ စက်ရုပ် ၂ ရုပ်ကို ပရိုဂရမ် ရေးဆွဲနေခဲ့ပါတယ်။ အဲဒီအချိန်မှာ စက်ရုပ် ၁ ရုပ်ဟာ အင်ဂျင်နီယာရဲ့ ကျောဘက်နဲ့ လက်မောင်းကို ဆွဲကိုင်လိုက်ပြီး သူ့ကို ဇောက်ထိုးဆွဲချလိုက်ပါတယ်။ အဲဒီအတွက် အင်ဂျင်နီယာဟာ သွေးထွက်သွားခဲ့ပါတယ်။

Malfunctioning Tesla robot attacked engineer at company's gigafactory in  Texas – Report

အဲဒီ စက်ရုပ်ဟာ အလူမီနီယမ် ကား အစိတ်အပိုင်းတွေကို တပ်ဆင်ပေးတဲ့ စက်ရုပ် ဖြစ်ပြီး ပရိုဂရမ် ချွတ်ယွင်းသွားကာ အခုလို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

Tesla ကတော့ အဲဒီ အင်ဂျင်နီယာဟာ ဒဏ်ရာ အနည်းငယ်ပဲရခဲ့ပြီး ခွင့် ၁ ရက်တောင် မယူခဲ့ရဘူးလို့ ဖြေရှင်းထားပါတယ်။

ဒါပေမယ့် ဒီဇာတ်လမ်းဟာ ဒီမှာပဲ မပြီးသွားပါဘူး။ Tesla ဟာ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှုတွေကို ဖုံးကွယ်ထားလေ့ရှိတယ်လို့ အလုပ်သမား ကာကွယ်ရေး စီမံကိန်းမှ ရှေ့နေ ၁ ယောက်က ပြောပါတယ်။

စက်ရုပ်တွေဟာ ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေမှာ အများကြီး အသုံးဝင်ပေမယ့် တစ်ခါတစ်လေမှာ စက်ချွတ်ယွင်းကာ လူတွေကို ထိခိုက်ဒဏ်ရာရစေတဲ့ ဖြစ်ရပ်တွေလည်း ရှိနေပါတယ်။

Ref : marca