ကမ္ဘာအဝန်းမှာ Chip ပြတ်လပ်မှုကြောင့် ဒီနှစ် ကွာတား ၃ ဖြစ်တဲ့ ဇူလိုင်လကနေ စက်တင်ဘာလအတွင်း ကားရောင်းအားတွေ ကျဆင်းနေပါတယ်။ ဒါပေမယ့် Tesla ကတော့ ကွာတား ၃ မှာ ကား အစီးရေ ၂၄၁,၃၀၀ ရောင်းချနိုင်ခဲ့ပြီး အရင်နှစ် ကွာတား ၃ ထက် အစီးရေ ၁၀၂,၀၀၀ ပိုမို ရောင်းချနိုင်ခဲ့ပါတယ်။ ကွာတား ၁ ခုအတွင်း Tesla ရဲ့ ရောင်းအား အများဆုံး ကွာတား အဖြစ် စံချိန်တင်သွားခဲ့တယ်လို့ ပြောနိုင်ပါတယ်။ ( နှိုင်းယှဉ်တွက်ဆကြည့်ရင် Tesla ဟာ ၂၀၁၉ ခုနှစ် ၁ နှစ်လုံးမှာ ကား အစီးရေ ၃၆၇,၅၀၀ ပဲ ရောင်းချနိုင်ခဲ့တာပါ။)

Tesla Model S - Wikipedia

ဒီနှစ် ကွာတား ၃ မှာ နာမည်ကြီး ကား ကုမ္ပဏီတွေရဲ့ ရောင်းအား အရမ်းကို ကျဆင်းခဲ့ပြီး ဒါဟာ Tesla အတွက် သတင်းကောင်းပါ။ အမေရိကန်ရဲ့ အကြီးဆုံး ကားထုတ်လုပ်သူ General Motors က ကွာတား ၃ မှာ ကား အစီးရေ ၄၄၆,၉၉၇ ပဲ ရောင်းချနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားခဲ့ပြီး အရင်နှစ် ကွာတား ၃ ထက် ၃၃ ရာခိုင်နှုန်းတောင် ကျဆင်းသွားတာပါ။

Tesla Model X vulnerable to Bluetooth hack that makes theft a breeze,  report says - Roadshow

Tesla ဟာ Chip ပြတ်လပ်မှုကို ဖြေရှင်းဖို့အတွက် မတူညီတဲ့ Semiconductor တွေကို စုဆောင်းခဲ့ပြီး Software ကို ပြင်ရေးခဲ့တာတွေ ပြုလုပ်ခဲ့ပါတယ်။ Tesla ဟာ တရုတ်မှာလည်း ရောင်းအား တော်တော်ကောင်းနေပြီး ၂၀၂၀ ခုနှစ် အစောပိုင်းက တရုတ်မှာ စတင် ရောင်းချခဲ့တာ ဖြစ်ပါတယ်။ Model Y SUV ဟာ အမေရိကန်မှာ လူကြိုက်တော်တော်များနေပြီး Tesla က အဲဒီကားကို ဥရောပမှာလည်း စတင် ရောင်းချပေးနေပါပြီ။

Tesla ဟာ တက္ကဆပ် ပြည်နယ်၊ အော်စတင်က စက်ရုံကို တိုးချဲ့နေတဲ့အတွက် လာမယ့် လအနည်းငယ်အတွင်းမှာ ကားထုတ်လုပ်မှု ပိုတိုးတက်လာမှာ ဖြစ်ပါတယ်။ ကုမ္ပဏီဟာ ဂျာမနီ နိုင်ငံ ဘာလင်မှာ စက်ရုံတည်ဆောက်ခွင့်ရဖို့ နောက်ဆုံး အဆင့်ကို ရောက်နေပြီလို့ သိရပါတယ်။

Ref : theverge