Tesla က ၂၀၁၉ ခုနှစ်မှာ Cybertruck ကို ကြေညာခဲ့ပြီး အခုထက်ထိ ထုတ်လုပ်ရောင်းချခြင်း မရှိသေးပါဘူး။ အခုတော့ Tesla CEO Elon Musk က Cybertruck ကို မိတ်ဆက်ချိန်ကနေ အခုအချိန်အထိ အများကြီး ပြောင်းလဲသွားပြီလို့ ပြောပါတယ်။

Tour Of The Elkhorn Battery Energy Storage System

ကုမ္ပဏီရဲ့ ရှယ်ယာရှင်တွေနဲ့ နှစ်စဉ်တွေ့ဆုံပွဲမှာ Musk က Cybertruck ကို မိတ်ဆက်ပြီး ၃ နှစ်အတွင်းမှာ ငွေကြေးဖောင်းပွလာတာနဲ့ တခြား ပြဿနာတွေကြောင့် ကားရဲ့ Specs နဲ့ ဈေးနှုန်းဟာ ပြောင်းလဲသွားမယ်လို့ ပြောပါတယ်။

2023 Tesla Cybertruck: What We Know So Far

သူက Cybertruck ကို နောက်နှစ်လယ်မှာ အမြောက်အများထုတ်လုပ်မယ်လို့ ပြောပါတယ်။ တကယ်တော့ ၂၀၂၁ ခုနှစ်နှောင်းပိုင်းမှာ စတင် ထုတ်လုပ်ဖို့ မူလက ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့် ၂၀၂၁ ခုနှစ် ဩဂုတ်လမှာ ကုမ္ပဏီက ၂၀၂၂ ခုနှစ်ကျမှ ထုတ်လုပ်တော့မယ်လို့ ကြေညာခဲ့ပြီး အခုတော့ ၂၀၂၃ ခုနှစ်ကို နောက်ဆုတ်လိုက်ပြန်ပါပြီ။ လက်ရှိမှာ ပြိုင်ဖက်တွေ ဖြစ်တဲ့ Ford နဲ့ Rivian တို့က လျှပ်စစ် ထရပ်ကားတွေကို ထုတ်လုပ်ရောင်းချနေပြီး Ford က ၂၀၂၃ ခုနှစ်မှာ F-150 Lightning အစီးရေ ၁၅၀,၀၀၀ ထုတ်လုပ်ဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။

Musk က မူလလျာထားတဲ့ ဈေးနဲ့ ကွဲပြားသွားမယ်လို့ ပြောပေမယ့် ဈေးနှုန်း အတိအကျကို မပြောသွားပါဘူး။ ၂၀၁၉ ခုနှစ်တုန်းက Tesla ဟာ Cybertruck မော်ဒယ် ၃ ခု ရောင်းချမယ်လို့ ပြောခဲ့ပါတယ်။ လက်ရှိမှာ Cybertruck အတွက် အမှာစာ ဘယ်လောက်ရပြီလဲဆိုတာကိုလည်း Musk က မပြောသွားပါဘူး။ ၂၀၂၀ ခုနှစ် ဇွန်လတုန်းက အမှာစာ ၆၅၀,၀၀၀ ရှိခဲ့ပြီး အခုဆိုရင် ဒီထက် များပြားနိုင်ပါတယ်။

Ref : theverge