အရှေ့တောင်အာရှရဲ့ ဒုတိယ စီးပွားရေး အကောင်းဆုံး ထိုင်းကို နည်းပညာ ကုမ္ပဏီကြီးတွေ မျက်စိကျနေကြပါတယ်။ ကမ္ဘာ့ ထိပ်တန်း နည်းပညာကုမ္ပဏီကြီး Google က ဒေတာနဲ့ Cloud စင်တာ တည်ဆောက်ဖို့ ထိုင်းမှာ ဒေါ်လာ ၁ ဘီလီယမ် ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာလိုက်ပါတယ်။

Thailand welcomes Google's US$1 billion investment in data center and cloud region | Thai PBS World | LINE TODAY

အဲဒီအတွက် ထိုင်းမှာ ၂၀၂၉ ခုနှစ်အထိ နှစ်စဉ် ပျမ်းမျှ အလုပ်သမား ၁၄,၀၀၀ အလုပ်ရကြမှာ ဖြစ်ပါတယ်။ Google က AI သုံးစွဲမှု မြင့်မားဖို့နဲ့ Cloud လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အခုလို ထိုင်းမှာ ရင်းနှီးမြှုပ်နှံတာလို့ ပြောပါတယ်။

Google to invest $1 billion to build data, cloud centre in Thailand

Google ရဲ့ Cloud စင်တာဟာ ဘန်ကောက်နဲ့ ဒေတာ စင်တာဟာ ချွန်ဘူရီ စက်မှုဇုန်မှာ တည်ရှိမှာ ဖြစ်ပါတယ်။ ၂၀၂၉ ခုနှစ် အရောက်မှာ Google ဟာ ထိုင်းမှာ ဒေါ်လာ ၄ ဘီလီယမ်အထိ ရင်းနှီးမြှုပ်နှံလာနိုင်တယ်လို့ ပြောပါတယ်။

ထိုင်း ဝန်ကြီးချုပ် ပေတုန်တန်ဟာ Alphabet နဲ့ Google ရဲ့ ဥက္ကဌနဲ့ ရင်းနှီးမြှုပ်နှံမှု အကြီးတန်း အရာရှိ Ruth Porat နဲ့ အောက်တိုဘာလ ၁ ရက်နေ့က တွေ့ဆုံခဲ့ပါတယ်။ သူမက Google ရဲ့ ထိုင်းမှာ ရင်းနှီးမြှုပ်နှံမှုဟာ နိုင်ငံရဲ့ Cloud First မူဝါဒနဲ့ ကိုက်ညီတယ်လို့ ပြောပါတယ်။

Ref: thaipbs