Huawei ဟာ ပြီးခဲ့တဲ့နှစ်တုန်းကလည်း Mate 30 RS Porsche Design ကို ထုတ်ဝေခဲ့ပါတယ်။ ဒီနှစ်လည်း Mate 40 RS Porsche Design ကို ထပ်ပြီးထုတ်ဝေဦးမှာ ဖြစ်ပါတယ်။ Mate 40 RS Porsche က ဘယ်လိုပုံစံမျိုးလဲဆိုတာ သိချင်နေသူတွေအတွက် ကျောဘက် Panel ကိုပြသထားတဲ့ပုံကတော့ ပေါ်ထွက်လာပါပြီ။

Mate 40 RS Porsche ရဲ့ ကျောဘက်ဒီဇိုင်းကို တွစ်တာမှာတင်ခဲ့သူကတော့ Teme (@RODENT950) ဆိုတဲ့ အကောင့်ပိုင်ရှင်ပဲ ဖြစ်ပါတယ်။ ဒီရုပ်ပုံမှာ ဟန်းဆက်ရဲ့ ကျောဘက် Panel ကိုသာမက အဋ္ဌဂံပုံစံကင်မရာအိမ် ဖွဲ့စည်းပုံနဲ့ ကင်မရာနေရာချထားပုံတွေကိုလည်း မြင်တွေ့ရပါတယ်။

အဋ္ဌဂံပုံစံ ကင်မရာအိမ်ထဲမှာ LED ဖလက်ရှ်ကို ဖယ်ထားမယ်ဆိုရင် ကင်မရာနဲ့ အခြား Sensor တွေအတွက် အပေါက်ခြောက်ပေါက်ကို ဖောက်ထားတာတွေ့ရပါတယ်။ Panel ကိုလည်း နက်ပြာရောင် Paint job ကို အခြေခံပြီး Gloss နဲ့ Matte ရောထားတဲ့ ပုံစံနဲ့ ပြုလုပ်ထားတယ်လို့ ယူဆရပါတယ်။ ဟန်းဆက်ရဲ့ အထက်ကနေ၊ အောက်အထိကို မျဉ်းပြိုင်လိုင်းတွေနဲ့ ပုံဖော်ထားပြီး Porsche အရသာကို ဖော်ဆောင်ထားတယ်လို့ ဆိုနိုင်ပါတယ်။

အလယ်လိုင်းမှာတော့ Huawei လိုဂိုနဲ့ Porsche Design ဆိုတဲ့ စာသားတွေကို ရေးထိုးထားတာပါ။ ပြောရရင်တော့ Mate 40 RS Porsche Design ဟာ ပုံမှန်နဲ့ ခွဲထွက်နေတာပါ။ ဈေးနှုန်းကတော့ ယူရို ၂၀၀၀ (သိန်း ၃၀ ဝန်းကျင်) နဲ့ ရောင်းချမယ်လို့ ဆိုတာကြောင့် ပြီးခဲ့တဲ့နှစ်က၂၀၉၅ ယူရိုနဲ့ ရောင်းချခဲ့တဲ့ ဈေးနှုန်းထက် လျော့နည်းသွားတယ်လို့ ဆိုရမှာပါ။

ဒါ့အပြင် ကြွေထည်နဲ့ပြုလုပ်ထားတဲ့ Mate 40 RS Porsche Design အဖြူရောင်ဗားရှင်းလည်း ရှိသေးတယ်လို့ ဆိုပါတယ်။ ဒီဟန်းဆက်ဟာ Mate 40 Pro လိုပဲ Kirin 9000 processor အသုံးပြုထားပြီး OLED display, ကြိုး/ကြိုးမဲ့ အမြန်အားသွင်းစနစ်တွေကိုလည်း ထောက်ပံ့ထားမယ်လို့ ယုံကြည်ရပါတယ်။

Ref: Gizmochina