အခုခေတ်မှာ Vlogger တွေ ပိုမိုများပြားလာပြီ ဖြစ်ပြီး စမတ်ဖုန်းတွေကို Vlog ရိုက်ဖို့ အသုံးပြုမှု များပြားလာပါတယ်။ အဲဒီအတွက် အကောင်းဆုံးနဲ့ ဈေးအချိုဆုံး Vlogging စမတ်ဖုန်းတွေကို ဖော်ပြလိုက်ပါတယ်။
၁။ Infinix Zero 40 5G
Infinix က အဲဒီဖုန်းကို Vlogging ဖုန်း အနေနဲ့ ကြေညာခဲ့တာ ဖြစ်ပြီး ဈေးနှုန်းချိုသာပါတယ်။ 108MP Main ကင်မရာ ပါလာပြီး 4K 60fps Video ရိုက်နိုင်ပါတယ်။ Vlogger နဲ့ Content Creator တွေအတွက် အဆင်ပြေစေပါတယ်။ 50MP Ultra Wide Angle ကင်မရာနဲ့ အားဖြည့်ထားပါတယ်။ အရှေ့ကင်မရာကလည်း ပေါ့သေးသေး မဟုတ်ဘဲ 50MP ဖြစ်ပါတယ်။ အရှေ့ ကင်မရာ ကနေ 4K 60fps Video ရိုက်နိုင်တာက တော်တော်မိုက်ပါတယ်။
၂။ Tecno Camon 30 Pro
နောက်ထပ် မိုက်တဲ့ Vlogging ဖုန်း တစ်လုံးက Tecno Camon 30 Pro 5G ဖြစ်ပါတယ်။ အနောက်ဘက်မှာ ကင်မရာ ၃ လုံး တပ်ထားပြီး 50MP Main , 50MP Ultra Wide နဲ့ 2MP Macro တို့ ဖြစ်ပါတယ်။ 4K 60fps Video ရိုက်ကူးနိုင်ပါတယ်။ အရှေ့ကင်မရာ အတွက် 50MP သုံးထားပါတယ်။
၃။ Redmi Note 14 Pro
Xiaomi က မကြာခင်က Redmi Note 14 Pro ကို နိုင်ငံတကာအတွက် ကြေညာခဲ့ပြီ အမိုက်စား ကင်မရာတွေ ပါလာပါတယ်။ 50MP Main , 8MP Ultrawide နဲ့ 2MP Macro ကို အနောက်မှာ တပ်ထားပါတယ်။ အနောက်ကင်မရာ ကနေ 4K 30fps Video နဲ့ 1080p 120fps Video ရိုက်နိုင်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 20MP ဖြစ်ပါတယ်။
၄။ Samsung Galaxy A55
ဒီဖုန်းက စွမ်းရည်သင့် ဖုန်း ဖြစ်ပြီး တော်တော်မိုက်တဲ့ Vlogging ဖုန်း ဖြစ်ပါတယ်။ အရှေ့၊ အနောက်ကင်မရာကနေ 4K 30fps Video ရိုက်ကူးနိုင်ပါတယ်။ အနောက်ဘက်မှာ 50MP Main , 12MP Ultrawide နဲ့ 5MP Macro ကင်မရာ တပ်ထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 32MP ဖြစ်ပါတယ်။
Ref : Gizmochina