အရမ်းကို ရေပန်းစား တန်ဖိုးကြီးနေတဲ့ NFTs သတင်းတွေ အင်တာနက်မှာ နေ့တိုင်း ထွက်ပေါ်နေပါတယ်။ အခုလည်း သမိုင်းကြောင်းကြီးမားတဲ့ Wikipedia ရဲ့ NFTs သတင်း တက်လာပါတယ်။ Christie ရဲ့ Auction House က လွန်ခဲ့တဲ့ နှစ် ၂၀ အကြာက Wikipedia ရဲ့ ပထမဆုံး တည်းဖြတ် စာသားကို လေလံတင် ရောင်းချမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ကြေညာလိုက်ပါတယ်။

Jimmy Wales is auctioning off an NFT of his first Wikipedia edit | Engadget

အဲဒီ စာသားက “Hello, World” ဖြစ်ပြီး Wikipedia ရဲ့ Homepage မှာ ပူးတွဲတည်ထောင်သူ Jimmy Wales က ရေးသားထားတာ ဖြစ်ပါတယ်။ Wikipedia ကို အများပြည်သူအတွက် ၂၀၀၁ ခုနှစ် ဇန်နဝါရီလလယ်မှာ ဖြန့်ချိပြီးနောက်မှာ Wales က အဲဒီ စာသားကို ရေးသားတည်းဖြတ်ခဲ့တာပါ။ အခုဆိုရင် Wikipedia မှာ ဆောင်းပါးပေါင်း ၆.၄ ဘီလီယမ်ကျော် ရှိနေပြီ ဖြစ်ပြီး တစ်ကမ္ဘာလုံးက Volunteer Moderator များစွာ ဝင်ရောက် ရေးသားနေကြပြီ ဖြစ်ပါတယ်။

Wikipedia နဲ့ ပတ်သက်တဲ့ NFTs ကို လေလံတင် ရောင်းချတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။ NFTs တွေဟာ ဈေးကွက်မှာ ငွေကြေးများစွာ ရရှိနေပါတယ်။ဇွန်လမှာ Sotheby က ၁၉၈၉ ခုနှစ်မှာ World Wide Web ကို ဖန်တီးခဲ့သူ Sir Tim Berners-Lee ရဲ့ ဒစ်ဂျစ်တယ် ဖိုင်တွေကို NFTs အနေနဲ့ လေလံတင်ရောင်းချပေးလိုက်ပြီလို့ ကြေညာခဲ့ပါတယ်။ အဲဒီ မတိုင်ခင်မှာ Jack Dorsey ဟာ သူ့ရဲ့ ပထမဆုံး Tweet ကို ဒေါ်လာ ၂.၉ သန်းနဲ့ ရောင်းချနိုင်ခဲ့ပါတယ်။

Christie's Auctions 'The Birth of Wikipedia' | HYPEBEAST

Wales ရဲ့ NFTs လေလံကြမ်းခင်းဈေးက ဒေါ်လာ ၁၀၀ ဖြစ်ပြီး ဒီဇင်ဘာလ ၁၅ ရက် မတိုင်ခင်အထိ လေလံဆွဲနိုင်ပါတယ်။ Wikipedia ရဲ့ ပထမဆုံး တည်းဖြတ်စာသားအပြင် အဲဒီ စာသားကို Wales ရေးသားခဲ့တဲ့ စတော်ဘယ်ရီ အရောင် iMac ကွန်ပြူတာကိုလည်း လေလံတင် ရောင်းချမှာ ဖြစ်ပါတယ်။

Ref : gizmodo