Samsung ကနေ ယခုနှစ်အစောပိုင်းမှာ Galaxy Z Flip Foldable ဖုန်းအသစ်ကို မိတ်ဆက်ရောင်းချခဲ့တာဖြစ်ပါတယ်။ လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာလည်း အဆိုပါ Galaxy Z Flip ဖုန်းကို Qualcomm Snapdragon 865+ နဲ့ 5G Version ဆိုပြီး မိတ်ဆက်သွားဦးမှာပါ။

ပြီးခဲ့တဲ့ရက်သတ္တပတ်ပိုင်းတုန်းက Huawei ကလည်း Samsung Galaxy Z Flip ပုံစံ Foldable ဖုန်းသစ်တစ်လုံးကို မိတ်ဆက်ဖို့ပြင်ဆင်နေပြီး နာမည်ကိုလည်း Huawei Mate V လို့ပေးထားတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ အခုအချိန်မှာတော့ အဆိုပါ Huawei Mate V Foldable ဖုန်းရဲ့ ပထဆုံး Render ပုံတွေထွက်ရှိလာပြီဖြစ်ပါတယ်။

ယခု Render ပုံတွေအရတော့ လက်ရှိ Samsung Galaxy Z Flip နဲ့ Motorola RAZR လိုမျိုး အပေါ်ကနေအောက်ဖက်ကို ခေါက်ချိုးရတဲ့ Clamshell Design ကိုပဲ အသုံးပြုထားပါတယ်။ အတွင်းဘက် Display အနေနဲ့ ဘေးဘောင်တွေသေးငယ်တယ်ဆိုပေမယ့် Punch-hole အစား Notch Design နဲ့ Selfie Camera အပါအဝင် Sensor တွေကို ထည့်သွင်းထားမှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း နောက်ဖက် Back Camera တွေအနေနဲ့ကတော့ Quad Camera Setup ကိုအသုံးပြုထားပြီး Back Camera အောက်ဖက်မှာ Secondary Display တစ်ခုပါဝင်မှာဖြစ်ပါတယ်။ အဆိုပါ Secondary Display ကလည်း Size အရသေးငယ်တဲ့အတွက် Notification တွေကြည့်ရှုတာလောက်ပဲ အသုံးဝင်မယ်လို့ ယူဆရပါတယ်။

လောလောဆယ်ထွက်ရှိလာတဲ့ Huawei Mate V ရဲ့ Render ပုံတွေဟာ အတည်ဖြစ်လာနိုင်မလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ယခုနှစ်ကုန်ပိုင်းမှာ Huawei ရဲ့ Foldable ဖုန်းအသစ်ကို မြင်ရဖို့ကတော့ ကျိန်းသေသလောက်ဖြစ်နေပါပြီ။

Ref – Giz China