လျှပ်စစ်ကားတွေရဲ့ အားနည်းချက်က အားသွင်းချိန် ကြာတာနဲ့ အကွာအဝေး များများ မမောင်းနိုင်တာဖြစ်ပါတယ်။ အခုတော့ ကမ္ဘာ့ အကြီးဆုံး ဘက်ထရီ ထုတ်လုပ်သူ CATL က ၁၀ မိနစ် အားသွင်းရင် ၄၀၀ ကီလိုမီတာ မောင်းနိုင်တဲ့ လျှပ်စစ်ကား ဘက်ထရီကို ပြသလိုက်ပါတယ်။

CATL, or Contemporary Amperex Technology Limited ဟာ လျှပ်စစ်ကားနဲ့ စွမ်းအင် သိုလှောင်တဲ့ စနစ်တွေအတွက် လစ်သီယမ်အိုင်းယွန်း ဘက်ထရီတွေကို ထုတ်လုပ်နေတဲ့ တရုတ် ကုမ္ပဏီ ဖြစ်ပါတယ်။ CATL ဟာ Tesla နဲ့ BMW အပါအဝင် ကုမ္ပဏီများစွာအတွက် ဘက်ထရီတွေ ထုတ်လုပ်ပေးနေတဲ့ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ဈေးကွက်ဝေစုဟာ ၂၀၂၂ ခုနှစ် ဒေတာတွေအရ ၃၇ ရာခိုင်နှုန်း ရှိပါတယ်။

The Future of Electric Vehicles Is Here: CATL Debuts 10-Minute Charge, 400-Kilometer  Range Shenxing Battery - Gizmochina

အခုတော့ CATL က ဥရောပမှာ Shenxing ဘက်ထရီ အသစ်ကို ပြသလိုက်ပါတယ်။ Shenxing ဘက်ထရီကို ဘေးကင်းလုံခြုံမှုနဲ့ သက်တမ်း ရှည်ကြာမှုမှာ နာမည်ကြီးတဲ့ လစ်သီယမ် အိုင်းယွန်း ဖော့စဖိတ် (LFP) နဲ့ တည်ဆောက်ထားပါတယ်။ 4C Ultra-fast Charging ကို ထောက်ပံ့တဲ့ ပထမဆုံး LFP ဘက်ထရီလည်း ဖြစ်ပါတယ်။ အဲဒီ ဘက်ထရီကို ၁၀ မိနစ်ထဲနဲ့ ၁၀ ကနေ ၈၀ ရာခိုင်နှုန်းအထိ အားသွင်းနိုင်ပါတယ်။

CATL က Shenxing ဘက်ထရီဟာ အရင်မျိုးဆက် LFP ဘက်ထရီတွေထက် စွမ်းအင် ပိုမို သိုလှောင်နိုင်တယ်လို့ ပြောပါတယ်။ အဲဒီအတွက် တစ်ခါအားသွင်းထားရင် အကွာအဝေးများများ မောင်းနိုင်ပါတယ်။ ကုမ္ပဏီက Shenxing ဘက်ထရီကို အားအပြည့်သွင်းထားရင် ၄၀၀ ကီလိုမီတာ မောင်းနှင်နိုင်တယ်လို့ ပြောပါတယ်။

Shenxing ဘက်ထရီဟာ လက်ရှိမှာ နမူနာ မော်ဒယ် အဆင့်ပဲ ရှိသေးပေမယ့် CATL က ၂၀၂၄ ခုနှစ်မှာ အများအပြားထုတ်လုပ်ဖို့ စီစဉ်ထားပါတယ်။ ကုမ္ပဏီက အိမ်သုံးကား၊ ဘတ်စ်ကားနဲ့ ထရပ်ကား အပါအဝင် လျှပ်စစ်ကား မျိုးစုံမှာ အဲဒီ ဘက်ထရီကို အသုံးပြုနိုင်မယ်လို့ ပြောပါတယ်။

Ref : gizmochina