Qualcomm Snapdragon 865+ Chipset ပါတဲ့ Samsung Galaxy Note20 Series တွေရဲ့ သတင်းများစွာ ထွက်ပေါ်ခဲ့ပြီးပါပြီ။ အခုတော့ နိုင်ငံတချို့မှာ Samsung ကိုယ်တိုင် ထုတ်လုပ်တဲ့ Exynos 990 Chipset ပါတဲ့ မော်ဒယ်တွေကို ရောင်းမယ်လို့ သတင်းထွက်လာပါတယ်။
I Hope everyone understands this:
The Exynos 990 on Note 20 series is an improved version with better optimization than the Snapdragon version and runs just as cool and just as fast as the Snapdragon.Its like an Exynos 990+
Samsung will also market the Exynos990 model as better
— Anthony (@TheGalox_) July 28, 2020
Samsung ဟာ Exynos 990 Chipset တွေမှာ အပူချိန် မများအောင် ထိန်းချုပ်နိုင်ပြီ ဖြစ်သလို စွမ်းအင် စားသုံးမှု သက်သာအောင်လည်း ဖန်တီးနိုင်ပြီလို့ သိရပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည် ပိုမို ကောင်းအောင် စီမံခန့်ခွဲထားနိုင်ပြီလို့ သတင်းထွက်လာပါတယ်။ Samsung ဟာ Exynos 990 Chipset ကို စွမ်းဆောင်ရည် မြင့်မားအောင် အစဉ်တစိုက် ပြုလုပ်နေခဲ့တာ ဖြစ်ပြီး Snapdragon Version ကို အမှီလိုက်နိုင်အောင် ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။
Samsung ဟာ ဩဂုတ်လ ၅ ရက်နေ့မှာ Unpacked Event ကို ကျင်းပမှာ ဖြစ်ပြီး Galaxy Note20 Series , Galaxy Z Fold 2 နဲ့ Galaxy Tab S7 Series တက်ဘလက်တွေကို ကြေညာတော့မှာပါ။ ဒါ့အပြင် Samsung က Galaxy Buds Live TWS နားကြပ်ကိုပါ ချပြနိုင်ပါတယ်။
Samsung က အဲဒီပွဲမှာ Galaxy Buds Live ကို ကြေညာမယ်ဆိုတာ အတည် မပြုသေးပါဘူး။ ဒါပေမယ့် အဲဒီ နားကြပ်ရဲ့ Support Page တွေကို အိန္ဒိယ၊ ရုရှား၊ ဂျာမနီနဲ့ ဗြိတိန် နိုင်ငံတွေမှာ လွှင့်တင်ထားကြတဲ့အတွက် ကြေညာဖို့ နီးနေပြီဆိုတာ သေချာပါတယ်။
Ref : gsmarena