Barclays က လေ့လာဆန်းစစ်သူ ၁ ယောက်က Apple ဟာ iPhone 13 Series မှာ WiFi 6E ဆက်သွယ်မှု ထောက်ပံ့ထားနိုင်တယ်လို့ ပြီးခဲ့တဲ့ လက သတင်းပေးခဲ့ပါတယ်။ အခုလည်း သူက အဲဒီ သတင်းအချက်အလက်ကို ပိုခိုင်မာတဲ့ အထောက်အထားတွေနဲ့ သက်သေပြလိုက်ပါတယ်။

The iPhone 13 series will definitely support Wi-Fi 6E, says Barclays analyst

iPhone အသစ်တွေကို WiFi Modem ထောက်ပံ့ပေးမယ်လို့ထင်ရတာက Broadcom ဖြစ်ပါတယ်။ Broadcom ဟာ Samsung Galaxy S21 Ultra မှာလည်း ထောက်ပံ့ပေးထားပြီး WiFi 6E ထောက်ပံ့မှု ပါတဲ့ ပထမဆုံး Global စမတ်ဖုန်း အဖြစ် မှတ်တမ်းဝင်ထားပါတယ်။

The first details of the iPhone 13 series have been revealed - Gizchina.com

WiFi 6E မှာ 6GHz Frequency Band အသစ်ကို အသုံးပြုထားပြီး Apartments တွေမှာ နေထိုင်သူတွေအတွက် လိုင်းအရမ်းမိစေတဲ့ နည်းပညာ အသစ် ဖြစ်ပါတယ်။ 6GHz Signals ဟာ နံရံ အတားအဆီးတွေနဲ့ ပတ်ဝန်းကျင်က WiFi ကွန်ရက် အနှောင့်အယှက်တွေကို ကျော်ဖြတ်နိုင်ပါတယ်။

အဲဒီ စံနှုန်း အသစ်ဟာ Bandwidth ပိုမြင့်မားပြီး 160MHz Channels ၇ ခု သို့မဟုတ် 80MHz Channels ၁၄ ခု ပါပါတယ်။ Latency ကလည်း နည်းပါးသွားတဲ့အတွက် Wireless Screen Sharing နဲ့ ကွန်ပြူတာ ၊ ဂိမ်းစက်တွေကနေ ဂိမ်းကစားရင် အရမ်း ကောင်းပါတယ်။ Apple ဟာ iPhone 11 Series မှာ WiFi 6 ကို အစောဆုံး ထည့်သွင်းပေးတဲ့ ကုမ္ပဏီတွေထဲက ၁ ခု ဖြစ်ပြီး iPhone 13 Series ကို စက်တင်ဘာလမှာ ကြေညာနိုင်ပါတယ်။

Ref : gsmarena