တောင်ကိုရီးယားရဲ့ ထောက်ပံ့ရေးကွင်းဆက်တွေက The Elec ကို ပြောပြတဲ့အချက်တွေအရဆိုရင်တော့ LG ဟာ Apple iPhone 14 စီးရီးတွေအတွက် LTPO panel ကို ထုတ်လုပ်ဖို့၊ စာချုပ်တွေမှာ အာမခံနိုင်ဖို့အတွက် လုံလောက်တဲ့ ကျွမ်းကျင်မှုတွေ ပြည့်စုံနေပြီလို့ သိရပါတယ်။

ကနဦးသတင်းတွေအရ iPhone 14 Max ကို Standard 60Hz LTPS ဒါမှမဟုတ် 120Hz LTPO panel တစ်ခုခုနဲ့ ထုတ်လုပ်သွားမယ်လို့ သိထားကြတာ ဖြစ်ပါတယ်။ အခုတော့ LG က iPhone 14 စီးရီးအတွက် LTPO မျက်နှာပြင်ထောက်ပံ့သူဖြစ်နိုင်လောက်တဲ့ အရည်အသွေးနဲ့ ပြည့်စုံပြီး စမ်းသပ်မှုတွေကို အောင်မြင်သွားပြီလို့ သိရပါတယ်။

iPhone 14 Max အတွက် LTPO panels တွေထောက်ပံ့ပေးမယ်ဆိုတာတင်မကဘဲ iPhone 14 Pro Max အတွက် Display ပိုင်းထောက်ပံ့မှုလည်း ရောနှောပါဝင်နေတယ်လို့ ဆိုပါတယ်။ iPhone 14 Pro ကတော့ Notch အစား Punch-hole သုံးသွားမှာဖြစ်ပြီး Face ID အစိတ်အပိုင်းတွေကိုလည်း မျက်နှာပြင်အောက်မှာပဲ ထည့်သွင်းထားရှိမယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သေးငယ်တဲ့ 6.06-inch 120Hz iPhone 14 Pro screen ကို Samsung ကပဲ ထောက်ပံ့ပေးမယ်လို့ ယူဆထားရတုန်း ဖြစ်ပါတယ်။

Apple အနေနဲ့လည်း မျက်နှာပြင်အတွက် Samsung တစ်ခုတည်းကို မှီခိုအားထားရမှုလျှော့ချချင်နေတာကြောင့် အခြားအမှတ်တံဆိပ်ကို ဦးတည်နေတာ ကြာမြင့်ခဲ့ပါပြီ။ BOE နဲ့လည်း အဆက်အသွယ်မပြတ်ခဲ့ပေမဲ့ အရည်အသွေးမြင့် မျက်နှာပြင်တွေအတွက်တော့ ရာနှုန်းပြည့်လက်တွဲလို့မရသေးပါဘူး။ ပိုမိုရှုပ်ထွေးတဲ့ LTOP နည်းပညာနဲ့ LG ရဲ့ ထုတ်လုပ်မှုအောင်မြင်ခြင်းက Apple အတွက်ရွေးချယ်စရာကောင်းတစ်ခုကို ထပ်ပြီးရလိုက်တာပဲ ဖြစ်ပါတယ်။

ကောလာလဟထွက်နေတဲ့ iPhone 14 စီးရီးတွေနဲ့ မျက်နှာပြင်ပေးသွင်းမှုကတော့ LG နဲ့ BOE တို့က 60Hz notch display နဲ့ 6.1-inch iPhone 14, LG က 120Hz notch နဲ့ 16.7-iPhone 14 Max အတွက် အသီးသီးပေးသွင်းကြမှာဖြစ်ပါတယ်။ Samsung ကတော့ 120Hz နဲ့ Punch-hole ပါဝင်တဲ့ 6.1-inch iPhone 14 Pro အားလုံးကို ထောက်ပံ့သွားမှာဖြစ်ပြီး၊ 120Hz နဲ့ Punch-hole ပါဝင်တဲ့ 6.7-inch iPhone 14 Pro Max အတွက်ကိုတော့ LG နဲ့ Samsung တို့ ပူးတွဲထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

Ref: PhoneArena