IRS ဟာ Cryptocurrency လွှဲပြောင်းမှုအပေါ် အခွန်ပေးဆောင်ဖို့ ပျက်ကွက်တဲ့ အမေရိကန်အခွန်ထမ်းတွေကို ဆက်ပြီးရှာဖွေနေတယ်လို့ သိရပါတယ်။ ဒီလိုရှာဖွေရာမှာ Customer record တောင်းခံမှုကိုခွင့်ပြုတဲ့ တရားရုံးအမိန့်သစ်ကို အသုံးပြုနေတယ်လို့လည်း သိရပါတယ်။

အေဂျင်စီဟာ သူ့ရဲ့ လုပ်ငန်းစဉ်အတွက် “John Doe သမ္မန်စာ” ကို ထုတ်ပြန်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ Safra Bank ဟာ ၂၀၁၅ ခုနှစ်က စတင်အသုံးပြုသူ 175,000 ကျော်နဲ့ $12 billions ကျော် အရောင်းအဝယ်အတွက် ဘဏ်ကိုအသုံးပြုခဲ့တဲ့ ဒစ်ဂျစ်တယ်ငွေကြေးပွဲစားဖြစ်တဲ့ SFOX အတွက် Crypto transaction data တွေကို လွှဲပြောင်းပေးမယ်လို့ သိရပါတယ်။

ဒါဟာ Crypto မှတ်တမ်းတွေအတွက် ပထမဆုံး IRS သမ္မာန်စာ မဟုတ်ပါဘူး။ ဒါပေမဲ့ ပုံမှန်မဟုတ်ဘူးလို့ဆိုနိုင်တာက ဒီ Third-party ပွဲစားဟာ “အတော်လေးသေးငယ်” နေတာကြောင့် ဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာ ကြီးကြီးမားမားတစ်ခုခုကို ဆက်ပြီးတွေ့လာနိုင်တယ်လို့ ယုံကြည်ရပါတယ်။

Crypto အခွန်မှတ်တမ်းတွေအတွက် ပထမဆုံး ဆင့်ခေါ်စာတွေဟာ အစီရင်မခံထားတဲ့ဝင်ငွေနဲ့ ပေးဆောင်ခြင်းမရှိတဲ့ အခွန်တွေအတွက် အစပျိုးခဲ့တာဖြစ်ပေမဲ့လည်း တုံ့ပြန်မှုဟာ နှစ်အနည်းငယ်ကြာခဲ့တယ်လို့ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် Crypto အခွန်အစီရင်ခံခြင်းနဲ့ပတ်သက်ပြီး ရှုပ်ထွေးမှုတွေ ဆက်ရှိနေတယ်လို့လည်း ဆိုပါတယ်။

၂၀၂၃ ခုနှစ်ကစတင်ပြီး ဒစ်ဂျစ်တယ် ငွေကြေးပွဲစားတွေဆီကနေ နှစ်စဉ်အခွန်အစီရင်ခံဖို့ လိုအပ်တဲ့ ပြဋ္ဌာန်းချက်နဲ့အတူ $1.2 trillion bipartisan infrastructure law ကို ကွန်ဂရက်က ၂၀၂၁ ခုနှစ်ကတည်းက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Ref: CNBC