Unicode

ကမာၻ႔ ထိပ္သီး စမတ္ဖုန္း ကုမၸဏီႀကီးျဖစ္တဲ့ Samsung ကေန သူ႕ရဲ႕ Original Flagship Series ျဖစ္တဲ့ S Series ရဲ႕ ေနာက္ဆုံးထုတ္ဖုန္းျဖစ္လာမယ့္ Galaxy S10 ကို မၾကာခင္ မိတ္ဆက္ေတာ့မွာပါ။ Galaxy S10 ကို အေမရိကားမွာ က်င္းပမယ့္ “Unpacked” Launch Event မွာ မိတ္ဆက္မွာျဖစ္ပါတယ္။ ေနာက္လ ၂၀ ရက္ေန႕မွာ မိတ္ဆက္မွာမို႔ သိပ္မၾကာေတာ့ပါဘူး။

Galaxy S10 Series နဲ႕ ပတ္သက္ၿပီး သတင္းေပါက္ၾကားခ်က္ေတြနဲ႕ ေကာလဟလ ေပါင္းစုံထြက္ေပၚေနခဲ့ၿပီး ယုံၾကည္ရတဲ့ သတင္းအရ ေသခ်ာတဲ့ အခ်က္ကေတာ့ Galaxy S10 Series မွာ ဗားရွင္းသုံးမ်ိဳး ပါဝင္မွာပါ။ ပုံမွန္ ေတြ႕ေနက် Galaxy S10 နဲ႕ S10+ အျပင္ Spec အနည္းငယ္နိမ့္ၿပီး ေစ်းအနည္းငယ္ သက္သာတဲ့ S10 Lite လို႔ေခၚတဲ့ ဖုန္းတစ္လုံးပါ မိတ္ဆက္သြားမွာပါ။ ဒါေပမယ့္ ေနာက္ဆုံးရ သတင္းအခ်က္အလက္ေတြ အရေတာ့ အဆိုပါ Spec အနိမ့္နဲ႕ Galaxy S10 Lite ကို တရားဝင္ မိတ္ဆက္တဲ့အခါ Galaxy S10 Lite လို႔ နာမည္ေပး၊ ေခၚဆိုသြားမွာ မဟုတ္ဘူးလို႔ သိလိုက္ရပါၿပီ။

အဆိုပါ သတင္းဟာ ကုမၸဏီကေန ထြက္ေပၚလာတာျဖစ္ၿပီး Samsung ဟာ Galaxy S10 သုံးမ်ိဳးထဲမွာ Spec အနိမ့္ဆုံးနဲ႕ အေသးဆုံးျဖစ္တဲ့ ဗားရွင္းကို “Lite” လို႔နာမည္ေပးမွာ မဟုတ္ပါဘူး။ Galaxy S10 Lite အစား တစ္ျခား နာမည္တစ္မ်ိဳးမ်ိဳးနဲ႕ေခၚဆိုသြားမွာျဖစ္တယ္လို႔ဆိုပါတယ္။ မၾကာေသးခင္ကပဲ Google ရဲ႕ေနာက္ထြက္မယ့္ Google Pixel 3 Lite XL ဟာလည္း GeekBench ေပါက္ၾကားခ်က္ေတြအရ Pixel 3a XL လို႔နာမည္ေျပာင္းထားတာကိုေတြ႕ရပါတယ္။

Galaxy S10 Series မွာ Infinity-O Display လို႔ေခၚတဲ့ Selfie Punch Hole ေလးပါဝင္တဲ့ မ်က္ႏွာျပင္ကို တပ္ဆင္ေပးထားမွာပါ။ ေနာက္ေက်ာဘက္ ကင္မရာသုံးလုံးတြဲနဲ႕ အတူ ကင္မရာ အေကာင္းဆုံး Samsung ဖုန္းတစ္လုံးျဖစ္လာနိုင္ပါတယ္။ In-Display Fingerprint Sensor ေတြလည္း ပါဝင္လာနိုင္ၿပီး ႀကီးမားတဲ့ ဘက္ထရီနဲ႕အတူ အားအျမန္သြင္း စနစ္ အသစ္ေတြထည့္ သြင္းေပးထားနိုင္ပါတယ္။ ၂၀၁၉ ရဲ႕ ေရပန္းအစားဆုံး စမတ္ဖုန္းေတြထဲက တစ္လုံးျဖစ္လာမယ့္ Galaxy S10 ကို ေနာက္လမွာ ေတြ႕ျမင္ရေတာ့မွာပါ။

Ref: Gizmo China

Unicode

Galaxy S10 Series ရဲ့ မော်ဒယ် အနိမ့်ဆုံးဖုန်းကို Galaxy S10 Lite လို့ အမည်ပေးမှာ မဟုတ်

ကမ္ဘာ့ ထိပ်သီး စမတ်ဖုန်း ကုမ္ပဏီကြီးဖြစ်တဲ့ Samsung ကနေ သူ့ရဲ့ Original Flagship Series ဖြစ်တဲ့ S Series ရဲ့ နောက်ဆုံးထုတ်ဖုန်းဖြစ်လာမယ့် Galaxy S10 ကို မကြာခင် မိတ်ဆက်တော့မှာပါ။ Galaxy S10 ကို အမေရိကားမှာ ကျင်းပမယ့် “Unpacked” Launch Event မှာ မိတ်ဆက်မှာဖြစ်ပါတယ်။ နောက်လ ၂၀ ရက်နေ့မှာ မိတ်ဆက်မှာမို့ သိပ်မကြာတော့ပါဘူး။

Galaxy S10 Series နဲ့ ပတ်သက်ပြီး သတင်းပေါက်ကြားချက်တွေနဲ့ ကောလဟလ ပေါင်းစုံထွက်ပေါ်နေခဲ့ပြီး ယုံကြည်ရတဲ့ သတင်း+ အရ သေချာတဲ့ အချက်ကတော့ Galaxy S10 Series မှာ ဗားရှင်းသုံးမျိုး ပါဝင်မှာပါ။ ပုံမှန် တွေ့နေကျ Galaxy S10 နဲ့ S10  အပြင် Spec အနည်းငယ်နိမ့်ပြီး စျေးအနည်းငယ် သက်သာတဲ့ S10 Lite လို့ခေါ်တဲ့ ဖုန်းတစ်လုံးပါ မိတ်ဆက်သွားမှာပါ။ ဒါပေမယ့် နောက်ဆုံးရ သတင်းအချက်အလက်တွေ အရတော့ အဆိုပါ Spec အနိမ့်နဲ့ Galaxy S10 Lite ကို တရားဝင် မိတ်ဆက်တဲ့အခါ Galaxy S10 Lite လို့ နာမည်ပေး၊ ခေါ်ဆိုသွားမှာ မဟုတ်ဘူးလို့ သိလိုက်ရပါပြီ။

အဆိုပါ သတင်းဟာ ကုမ္ပဏီကနေ ထွက်ပေါ်လာတာဖြစ်ပြီး Samsung ဟာ Galaxy S10 သုံးမျိုးထဲမှာ Spec အနိမ့်ဆုံးနဲ့ အသေးဆုံးဖြစ်တဲ့ ဗားရှင်းကို “Lite” လို့နာမည်ပေးမှာ မဟုတ်ပါဘူး။ Galaxy S10 Lite အစား တစ်ခြား နာမည်တစ်မျိုးမျိုးနဲ့ခေါ်ဆိုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ မကြာသေးခင်ကပဲ Google ရဲ့နောက်ထွက်မယ့် Google Pixel 3 Lite XL ဟာလည်း GeekBench ပေါက်ကြားချက်တွေအရ Pixel 3a XL လို့နာမည်ပြောင်းထားတာကိုတွေ့ရပါတယ်။

Galaxy S10 Series မှာ Infinity-O Display လို့ခေါ်တဲ့ Selfie Punch Hole လေးပါဝင်တဲ့ မျက်နှာပြင်ကို တပ်ဆင်ပေးထားမှာပါ။ နောက်ကျောဘက် ကင်မရာသုံးလုံးတွဲနဲ့ အတူ ကင်မရာ အကောင်းဆုံး Samsung ဖုန်းတစ်လုံးဖြစ်လာနိုင်ပါတယ်။ In-Display Fingerprint Sensor တွေလည်း ပါဝင်လာနိုင်ပြီး ကြီးမားတဲ့ ဘက်ထရီနဲ့အတူ အားအမြန်သွင်း စနစ် အသစ်တွေထည့် သွင်းပေးထားနိုင်ပါတယ်။ ၂၀၁၉ ရဲ့ ရေပန်းအစားဆုံး စမတ်ဖုန်းတွေထဲက တစ်လုံးဖြစ်လာမယ့် Galaxy S10 ကို နောက်လမှာ တွေ့မြင်ရတော့မှာပါ။

Ref: Gizmo China