Motorola က Moto E ဖုန်း အသစ် ၁ လုံးကို ကြေညာဖို့ ပြင်ဆင်နေပြီး အဲဒါက Moto E7 Plus ဖြစ်ပါတယ်။ အဲဒီဖုန်းဟာ ဒီနှစ် အစောပိုင်းက ကြေညာခဲ့တဲ့ Snapdragon 460 Chipset ပါတဲ့ ပထမဆုံး စမတ်ဖုန်းတွေထဲက ၁ လုံး ဖြစ်လာနိုင်ပါတယ်။

အဲဒီ ဖုန်းကို Geekbench မှာ အရင် တွေ့လာရပြီ ဖြစ်ပြီး Guam လို့ လျှို့ဝှက်နာမည်ပေးထားတဲ့ Chipset ထည့်သွင်းထားမယ်လို့ သိခဲ့ရပါတယ်။ အဲဒီ Chipset ဟာ ဇန်နဝါရီလက ကြေညာခဲ့တဲ့ Snapdragon 662 ဖြစ်မယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အခုတော့ Snapdragon 460 Chipset လို့ သတင်းထွက်လာပါတယ်။

DealnTech က Motherboard ရဲ့ ကုဒ်တွေထဲမှာ CPU Core နဲ့ GPU Configuration တွေကို တွေ့ရပြီး Processor မှာ 1.61GHz Core ၄ လုံးနဲ့ 1.80GHz Core ၄ လုံး ပါလာမှာ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ Snapdragon 460 Chipset ရဲ့ CPU Configuration ဖြစ်ပြီး Snapdragon 662 အတွက် မဟုတ်ပါဘူး။ 662 မှာ ကွဲပြားတဲ့ CPU Configuration ထည့်ထားပြီး 2.0GHz Clockspeed ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ Chipset ၂ ခုစလုံးမှာ တူညီတဲ့ Adreno 610 GPU ထည့်ထားပါတယ်။

Moto E7 Plus မှာ အရွယ်သေး Notch , အနောက်ကင်မရာ ၂ လုံး, USB-C Port နဲ့ အနောက်ဘက် လက်ဗွေရာ ကိရိယာတွေ ပါလာနိုင်ပါတယ်။ Android 10 အခြေပြု Motorola My UX Interface အသစ် ထည့်ထားနိုင်ပြီး Geekbench မှာ 4GB RAM ပါမယ်လို့ ဖော်ပြထားပါတယ်။

Ref : gizmochina