Motorola Moto G50 5G ရဲ့ ဓါတ်ပုံ‌တွေ မကြာခင်က ထွက်လာခဲ့ပြီး အခုတော့ Specs တွေ ပေါက်ကြားလာပါတယ်။ အဲဒီ စမတ်ဖုန်းရဲ့ လျှို့ဝှက်နာမည်က Saipan ဖြစ်ပြီး စွမ်းရည်နိမ့် တန်ဖိုးနည်း 5G စမတ်ဖုန်း ဖြစ်ပါတယ်။

Motorola Moto G50 5G (

Motorola Moto G50 5G မှာ MediaTek Dimensity 700 7nm Chipset မောင်းနှင်ထားပြီး Cortex-A76 Cores (2.2GHz) ၂ လုံးနဲ့ Mali-G57 MC2 GPU ပါလာပြီး 2.77Gbps 5G Sub-6 Modem ထောက်ပံ့ထားပါတယ်။

Motorola Moto G50 5G (

Motorola Moto G50 5G မှာ ၆.၅ လက်မ 720x1600p မျက်နှာပြင် ထည့်သွင်းထားပြီး Refresh Rate ကို မသိရသေးပါဘူး။ 4GB RAM နဲ့ 64GB Storage ထည့်သွင်းထားပြီး ဘေးဘက်မှာ လက်ဗွေရာ အာရုံခံ ကိရိယာ မြှပ်နှံထားပါတယ်။ အနောက်ဘက်မှာ ပင်မ ကင်မရာ အနေနဲ့ 48MP တပ်ဆင်ထားပြီး 3.5mm Headphone Jack နဲ့ NFC ထည့်သွင်းထားပါတယ်။ ဘက်ထရီ အရွယ်အစားက 4,700mAh ဖြစ်ပါတယ်။ Motorola Moto G50 5G “Saipan” ကို ရောင်းချမယ့် အချိန်ကို မသိရသေးပေမယ့် ဥရောပမှာ မရောင်းချနိုင်ပါဘူး။

လျှို့ဝှက်နာမည် Ibiza လို့ ပေးထားတဲ့ Motorola Moto G50 5G မော်ဒယ် ၁ လုံးလည်း ရှိနေပါသေးတယ်။ အဲဒီ စမတ်ဖုန်းမှာ MediaTek အစား Qualcomm Snapdragon 480 8nm Chipset မောင်းနှင်ထားပြီး Kryo 460 Core ၂ လုံး ပါပါတယ်။ GPU က Adreno 619 ဖြစ်ပြီး 2.5 Gbps Modem တပ်ဆင်ထားပါတယ်။ တခြား Specs တွေက Saipan မော်ဒယ်နဲ့ တူညီပါတယ်။

Ref : gsmarena