ပြီးခဲ့တဲ့ ၁ နှစ်အတွင်းမှာ 5G ဖုန်း လိုချင်ရင် ဒေါ်လာ ၁၀၀၀ လောက် ပေးရမှာပါ။ အခုတော့ ဈေးချိုတဲ့ 5G ဖုန်းတွေ ပေါ်လာပါပြီ။ အခုလည်း LG က တန်ဖိုးသင့် 5G ဖုန်း ၁ လုံးကို ကြေညာလိုက်ပါတယ်။ LG K92 5G လို့နာမည်ပေးထားပြီး Snapdragon 690 Chipset မောင်းနှင်ထားပါတယ်။ အမေရိကန်မှာ Cricket ကနေ ၃၅၉ ဒေါ်လာနဲ့ ရောင်းမှာ ဖြစ်ပြီး မြန်မာငွေ ၄ သိန်း ၆ သောင်းလောက်ကျသင့်မှာ ဖြစ်ပါတယ်။

LG K92 မှာ ၆.၇ လက်မ IPS LCD FHD+ မျက်နှာပြင် ထည့်သွင်းထားပြီး Punch Hole မှာ 16MP ကင်မရာ တပ်ဆင်ထားပါတယ်။ ညာဘက်မှာ လက်ဗွေရာ ကိရိယာနဲ့ ဘယ်ဘက်မှာ ပါဝါ၊ အသံခလုတ်တွေ တပ်ဆင်ထားပါတယ်။

အနောက်ကင်မရာ ဒီဇိုင်းက အမြင်ဆန်းသစ်ပြီး 64MP Main , 5MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ 6GB RAM နဲ့ 128GB Storage ပါလာပြီး microSD Card စိုက်နိုင်ပါတယ်။ ဘက်ထရီက 4,000mAh ဖြစ်ပြီး USB-C ကနေ အားသွင်းနိုင်ပါတယ်။ MIL-STD-810G စံနှုန်းရှိတဲ့အတွက် အကြမ်းခံပြီး နားကြပ်ပေါက် ပါလာပါတယ်။

LG K92 5G ကို နိုဝင်ဘာလ ၆ ရက်နေ့မှာ AT&T ကနေ ရောင်းမှာပါ။ AT&T က ၃၉၆ ဒေါ်လာနဲ့ Cricket က ၃၅၉ ဒေါ်လာ သတ်မှတ်ထားပြီး  US Cellular ကတော့ ၃၅၀ ဒေါ်လာနဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့ ရောင်းမှာပါ။

Ref : gsmarena