OnePlus Forums မှာ Community Manager ၁ ယောက်က စွမ်းရည်မြင့် ဖုန်း အသစ်လာတော့မယ်လို့ ရေးသားထားပြီး မိတ်ဆက်ပွဲ မတိုင်ခင်မှာ အဲဒီဖုန်းကို စမ်းသပ် အသုံးပြုချင်တဲ့ Volunteers ၁၀ ယောက်ကို ဖိတ်ခေါ်နေပါတယ်။ အဲဒီ စမတ်ဖုန်းဟာ OnePlus 8 Pro ဖြစ်နိုင်ပြီး OnePlus 8 နဲ့ 8 Lite တို့ကိုလည်း ထုတ်လုပ်ရောင်းချမှာပါ။ Volunteers ၁၀ ယောက်ဟာ အဲဒီဖုန်းကို Review လုပ်ရမှာ ဖြစ်ပြီး OnePlus ရဲ့ သတ်မှတ်ချက်တွေနဲ့ မကိုက်ညီရင် ဖုန်းကို ပြန်တောင်းမှာ ဖြစ်ပါတယ်။

စွမ်းရည်မြင့် OnePlus ဖုန်းကို ကြေညာပြီးချိန်မှာ အဲဒီ Review တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ Volunteers တွေဟာ အဲဒီ ဖုန်းကို ၃ ပတ် စမ်းသပ်အသုံးပြုပြီးနောက်မှာ “Ask Me Anything” Session မှာ ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။ အကောင်းဆုံး Review ၃ ခုကို OnePlus ရဲ့ တရားဝင် လူမှုကွန်ရက် ပလက်ဖောင်းတွေမှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားသူတွေဟာ ဧပြီလ ၁ ရက် မတိုင်ခင်မှာ စာရင်းပေးသွင်းရမှာ ဖြစ်ပြီး ၁၀ ယောက်ထဲက ၆ ယောက်ဟာ OnePlus Forum Members ဖြစ်လာမှာပါ။ ပါဝင်ချင်သူတွေရဲ့ စာအရေးအသား၊ ဓါတ်ပုံနဲ့ ဗီဒီယို ကျွမ်းကျင်မှုတွေကို ကြည့်ပြီး ရွေးချယ်မှာပါ။

OnePlus က ရွေးချယ်ခံရသူတွေကို ဧပြီလ ၂ ရက်နေ့မှာ ကြေညာမှာ ဖြစ်ပြီး ဖုန်းတွေကို ပေးပို့သွားမှာပါ။ ဖုန်း မိတ်ဆက်ပွဲ မတိုင်ခင် Review ပြင်ဆင်ဖို့ အချိန်ဘယ်လောက်ရသလဲဆိုတာ မသိရသေးပါဘူး။ OnePlus 8 ဖုန်းတွေကို ဧပြီလမှာ ကြေညာဖို့ များပါတယ်။

Ref : gsmarena