လာမယ့် ရက်သတ္တပတ်အတွင်းမှာ Apple Pencil အသစ်ကို iPad Pro ၊ iPad Air မော်ဒယ်အသစ်တွေနဲ့အတူ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ Apple Pencil အသစ်ဟာ iPad တွေမှာသာမက Apple Vision Pro နဲ့ပါ တွဲဖက် အသုံးပြုလို့ရလာမယ်လို့ သိရပါတယ်။

Apple may be working on a new Pencil that works with Vision Pro | Macworld

Apple Pencil ဟာ Vision Pro နဲ့ ဘယ်လို တွဲဖက် အသုံးပြုနိုင်မလဲဆိုတာ မသိရသေးပေမယ့် စားပွဲနဲ့ တခြား ညီညာတဲ့ မျက်နှာပြင်တွေ အပေါ်မှာ ပုံဆွဲ၊ စာရေးသားနိုင်မယ်လို့ ထင်ပါတယ်။ အဲဒီ လုပ်ဆောင်ချက်ဟာ  Vision Pro ရဲ့ visionOS မှာ အလိုအလျှောက် ပေါ်လာမှာပါ။ သင့် ပတ်ဝန်းကျင်ကို Apple Pencil ရဲ့ Canvas အဖြစ် ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။

The next Apple Pencil might work with the Vision Pro headset

ဒါဟာ ခန့်မှန်းချက် အဆင့်ပဲ ရှိပါသေးတယ်။ သတင်းအရင်းအမြစ်တွေက Apple ဟာ visionOS ကို ထောက်ပံ့တဲ့ Apple Pencil ကို စမ်းသပ်နေတယ်လို့ ပြောပါတယ်။ Apple Pencil ကို Vision Pro ရဲ့ Freeform ၊ Pixelmator တို့လို ပုံဆွဲတဲ့ App တွေမှာ အသုံးပြုနိုင်မှာပါ။

ဒီလုပ်ဆောင်ချက်အတွက် Apple Pencil အသစ်ကို ထောက်ပံ့ဖို့အတွက် Vision Pro ရဲ့ Software Update လိုအပ်မှာ ဖြစ်ပါတယ်။ Apple ဟာ ဒီတစ်ပတ်အစောပိုင်းမှာ visionOS 1.2 Beta ကို ဖြန့်ချိမှာ ဖြစ်ပြီး အဲဒီက ကုဒ်တွေထဲမှာ Apple Pencil အသစ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တွေ့လာရနိုင်ပါတယ်။

Ref : gsmarena