Samsung ဟာ ဩဂုတ်လမှာ Galaxy Unpacked Event ကျင်းပတော့မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က ထွက်လာတဲ့ သတင်းအရ ဩဂုတ်လ ၃ ရက်နေ့မှာ ကျင်းပမယ်လို့ သိခဲ့ရပါတယ်။ အခုတော့ အဲဒီ ရက်မှာ မကျင်းပတော့ဘဲ နောက်ဆုတ်လိုက်ပြီလို့ သတင်းထွက်လာပါတယ်။ နာမည်ကျော် Leaker တစ်ယောက်ဖြစ်တဲ့ Evan Blass (@evleaks) က ဩဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပမယ်လို့ သတင်းပေးလာပါတယ်။

Samsung Galaxy Z Fold 2 Mystic Bronze In Hands Featured

ဒါ့အပြင် သူက နောက်ထွက်မယ့် Samsung ထုတ်ကုန်တွေရဲ့ အရောင်အားလုံးကို ၃၆၀ ဒီဂရီ ဓါတ်ပုံတွေနဲ့ မျှဝေလိုက်ပါသေးတယ်။ အဲဒီထုတ်ကုန်တွေက Galaxy Z Fold3, Galaxy Z Flip3, Galaxy S21 FE, Galaxy Watch4, Galaxy Watch Active4 နဲ့ Galaxy Buds2 တို့ ဖြစ်ပါတယ်။

Samsung Galaxy Unpacked Event Date Announced - Somag News

အစပိုင်းမှာတော့ အထက်ပါ ထုတ်ကုန် အားလုံးကို Galaxy Unpacked Event မှာ ကြေညာဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် Semiconductor ပြတ်လပ်မှုကြောင့် Galaxy S21 FE ကို ပွဲမှာ မကြေညာတော့ဘူးလို့ သတင်းအရင်းအမြစ်များစွာက ပြောနေကြပါတယ်။ Galaxy S20 FE ရဲ့ မျိုးဆက်သစ်ကို အောက်တိုဘာလမှာ ကြေညာနိုင်ပါတယ်။

အရင်သတင်းတွေအရ Galaxy Z Fold3 မှာ တိုးတက်မှုများစွာ ပါလာမှာဖြစ်ပြီး  မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ အပြင် S Pen Stylus လည်း ထည့်သွင်းထားမှာပါ။ Galaxy Z Flip3 မှာ Dual-tone Finish အသစ်ကို သုံးထားပြီး Cover Screen က ပိုကြီးလာမှာပါ။

Galaxy Watch4 နဲ့ Galaxy Watch Active4 တို့ဟာ Wear OS အသစ် ပါတဲ့ ပထမဆုံး စမတ်နာရီတွေအဖြစ် မှတ်တမ်းဝင်သွားမှာပါ။ နောက်ဆုံး အနေနဲ့ Galaxy Buds2 ဟာ Galaxy Buds Pro ထက် ဈေးပိုသက်သာမှာဖြစ်ပေမယ့် ANC (Active Noise Cancellation) ထောက်ပံ့ထားမှာပါ။

Ref : gizmochina