ZTE က စွမ်းရည်မြင့် Nubia Z60 Ultra ကို ကြေညာလိုက်ပြီး မျက်နှာပြင်အောက်ကင်မရာနဲ့ IP68 ရေစိုခံစံနှုန်းတွေ ပါလာပါတယ်။

The nubia Z60 Ultra packs 18mm-35mm-85mm cameras, 6,000mAh battery and IP68

6.8” AMOLED မျက်နှာပြင် တပ်ဆင်ထားပြီး 1,500 Nit Peak Brightness နဲ့ 120Hz Refresh Rate ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက်မှာ 12MP ဆဲလ်ဖီး ကင်မရာ မြှုပ်နှံထားပြီး ကင်မရာအတွက် ကိုယ်ပိုင် Display Chip နဲ့ AI Deep-sensing Engine ပါပါတယ်။

Nubia Z60 Ultra မှာ နောက်ဆုံးထုတ် Snapdragon 8 Gen 3 Chip မောင်းနှင်ထားပြီး LPDDR5X RAM နဲ့ UFS 4.0 Storage ပါပါတယ်။ ဂိမ်းအသားပေး ဖုန်း ဖြစ်ပြီး အပူလျှော့ချပေးတဲ့ Aerospace-grade Thermal Plate နဲ့ အရွယ်ကြီး Vapor Chamber တပ်ဆင်ထားပါတယ်။ Game Space နဲ့ Super Frame Stabilization လို နည်းပညာ ပါပါတယ်။

The nubia Z60 Ultra packs 18mm-35mm-85mm cameras, 6,000mAh battery and IP68

ကင်မရာ အသားပေးဖုန်း ဖြစ်ပြီး 50MP 1/1.49-inch IMX800 Main , 50MP Ultrawide (3-level Optical Stabilization ) , 64MP Zoom (OIS) ကင်မရာတွေ တပ်ဆင်ထားပါတယ်။

80W Charging ထောက်ပံ့တဲ့ 6,000mAh Battery ပါလာပြီး Android 14 အခြေပြု MyOS မောင်းနှင်ထားပါတယ်။ Black , Silver, Gray အရောင်တွေ ထုတ်လုပ်ထားပြီး 8/256GB, 12/256GB, 12/512GB နဲ့ 16GB/1TB မော်ဒယ်တွေ ရွေးချယ်နိုင်ပါတယ်။ တန်ဖိုးအနည်းဆုံး 8/256GB ကို ၅၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။

Ref : gsmarena