Huawei က Mate 40 ရဲ့ အထူးထုတ် Edition ဖြစ်တဲ့ Porsche Design ကို ကြေညာလိုက်ပါတယ်။ Porsche Design Huawei Mate 40 RS လို့ နာမည်ပေးထားပြီး တချို့ Specs တွေဟာ Mate 40 Pro နဲ့ တူညီပါတယ်။ Porsche Design Huawei Mate 40 RS ရဲ့ အနောက်ဘက်ကို High-strength Nano-tech Ceramic နဲ့ တည်ဆောက်ထားပြီး Huawei က စိန်လို တောက်ပကာ နီလာကျောက်လို မာကျောတယ်လို့ ဆိုပါတယ်။ ဒီဇိုင်းအပိုင်းမှာ အလန်းဆုံးကို ပြောရမယ်ဆိုရင် အဋ္ဌဂံ ပုံစံထဲမှာ ကင်မရာတွေကို ထည့်ထားတာပါ။

Porsche Design Huawei Mate 40 RS battery capacity

Specs အကြောင်းပြောရရင် Porsche Design Huawei Mate 40 RS မှာ ၆.၇၆ လက်မ OLED မျက်နှာပြင်နဲ့ 90Hz Refresh Rate ပါလာပြီး ဆေးတောင့်ပုံ Punch Hole မှာ 13MP Main နဲ့ 3D Depth-sensing ကင်မရာ ၂ လုံး ထည့်ထားပါတယ်။ အနောက်ဘက်မှာ 50MP Ultra-vision Main , 20MP Ultrawide Cine , 12MP Telephoto (3x Optical Zoom & OIS) , 8MP SuperZoom (10x Optical Zoom & OIS ) နဲ့ 3D Depth -sensing ကင်မရာတွေ ပါလာပါတယ်။

Porsche Design Mate 40 RS Price

Kirin 9000 SoC မောင်းနှင်ထားပြီး 12GB RAM နဲ့ 512GB Storage ပါတဲ့အတွက် လျှင်မြန်မှုနဲ့ ဒေတာ သိမ်းနိုင်မှုက ထိပ်တန်း အဆင့်ရှိပါတယ်။ ဘက်ထရီက 4,400mAh ဖြစ်ပြီး 66W Wired Huawei SuperCharge နဲ့ 50W Wireless Huawei SuperCharge တွေ ထောက်ပံ့ထားတဲ့အတွက် အားသွင်းနှုန်းက ရှယ်မြန်မှာပါ။

Android 10 အခြေပြု EMUI 11 မောင်းနှင်ထားပါတယ်။ ဒီဇိုင်းနဲ့ စွမ်းရည် လန်းသလို ဈေးကလည်း မသေးပါဘူး။ ၂,၂၉၅ ယူရို သတ်မှတ်ထားတဲ့အတွက် ၃၅ သိန်းလောက် တန်ပါတယ်။

Ref : gizmochina