Xiaomi က ၉၅ ယွမ်ပဲရှိတဲ့ Redmi Band ကို ကြေညာလိုက်ပြီး မြန်မာငွေ ၁၈,၀၀၀ လောက်ပဲရှိပါတယ်။ ဈေးချိုပေမယ့် ဈေးကြီးတဲ့ Mi Band 4 ထက် ပိုလန်းတဲ့ လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ Redmi Band မှာ ၁.၀၈ လက်မ Color OLED မျက်နှာပြင် တပ်ဆင်ထားပြီး Mi Band ရဲ့ ၀.၉၅ လက်မထက် ပိုကြီးပါတယ်။ မျက်နှာပြင် အထက်မှာ ပြားချပ်တဲ့ ဖန်အလွှာ အုပ်ထားပြီး ရာသီဥတု ကြိုတင်ခန့်မှန်းပေးတဲ့ လုပ်ဆောင်ချက် ပါပါတယ်။

Redmi Band မှာ USB-A Plug နဲ့ အားသွင်းရမှာ ဖြစ်ပြီး Charging Adapter မလိုအပ်ပါဘူး။ ဘက်ထရီ သက်တမ်းက ၁၄ ဖြစ်ပြီး Mi Band ထက် ၁ ပတ်လောက် နည်းပါတယ်။ အားအပြည့်သွင်းရင် ၂ နာရီလောက်ကြာပြီး နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်ပါပါတယ်။ အားကစား ၅ မျိုးကို တိုင်းတာတွက်ချက်ပေးပြီး အိပ်စက်မှု အခြေအနေကို တိုင်းတာပေးပါတယ်။ ရေအနက် ၅၀ မီတာအထိ ဝတ်ဆင်နိုင်ပြီး ရေကူးရင် ဝတ်ဆင်ထားနိုင်ပါတယ်။

NFC မပါလာပေမယ့် AliPay ရဲ့ Offline Payments ကို အသုံးပြုနိုင်ပါတယ်။ အနက်၊ အပြာ၊ အနီနဲ့ အညိုရောင်တွေ ထုတ်လုပ်ထားပြီး Watch Faces ၇၂ ခုထည့်သွင်းထားပါတယ်။ တရုတ်မှာ ၉ ရက်နေ့ စရောင်းမှာ ဖြစ်ပြီး ကြိုတင်မှာယူနိုင်ပါပြီ။ ကြိုတင်မှာယူရင် ၉၅ ယွမ်နဲ့ ရမှာ ဖြစ်ပြီး နောက်ပိုင်းမှာ ၉၉ ယွမ် ဖြစ်သွားမှာပါ။

Ref : gsmarena