ကြီးမားသည့် 6000 mAh Mega Battery ပါဝင်သော realme C12 စမတ်ဖုန်းသစ်ကို ဈေးနှုန်း ၁၇၉,၉ဝဝ ကျပ်ဖြင့် သြဂုတ်လ ၂၅ရက်နေ့မှစတင်ကာ မြန်မာတစ်နိုင်ငံလုံးတွင်စ တင်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော 6000 mAh Mega Battery ကြောင့် ဖုန်းသုံးစွဲမှုအပိုင်းတွင် ယခင်ကထက် အချိန်ကြာမြင့်စွာဆက်တိုက်အသုံးပြုနိုင်စေမည်ဖြစ်ပြီး RAM 3GB+ ROM 32GB version တစ်မျိုးတည်းကိုသာ ရောင်းချပေးသွားမည်ဟုလည်းသိရှိရသည်။ အရောင်ပိုင်းအတွက် Marine Blue နှင့် Coral Red ၂မျိုးကိုရွေးချယ်နိုင်စေမည်ဖြစ်သည်။

realme C12 စမတ်ဖုန်းသစ်တွင် ကြီးမားသည့် 20:9 aspect ration ဖြင့်ဖန်တီးထားသော 6.5-inch HD Display ကိုအသုံးပြုထားခြင်းကြောင့် ပိုမိုကျယ်ပြန့်သောမြင်ကွင်းမျိုးကိုရရှိစေပြီး Multimedia ပိုင်းအတွက် စိတ်တိုင်းကျအသုံးပြုနိုင်စေမည်ဖြစ်သည်။ ဓာတ်ပုံရိုက်ကူးခြင်းအတွက် နောက်ဘက် Triple Camera Set-up အဖြစ် 13MP+2MP+2MP ကင်မရာ၃လုံးကိုတပ်ဆင်ပေးထားပြီး Super Nightscape feature ပါဝင်သည့်အားသာချက်ကြောင့် အလင်းရောင်နည်းသည့်အခြေအနေများတွင် ကြည်လင်ပြတ်သားသည့်ဓာတ်ပုံများကိုပါ စိတ်တိုင်းကျရိုက်ယူနိုင်စေမည်ဖြစ်သည်။ ရှေ့ဘက် Selfie ကင်မရာအတွက် 5MP ကိုသုံးပေးထားပြီး AI Beauty Mode နှင့် Portrait Mode များကိုအသုံးပြုရိုက်ယူနိုင်မည်ဖြစ်သည်။ ထို့အပြင် ရှေ့ကင်မရာဖြင့်ပင် FullHD Video များကိုလည်း 30fps နှုန်းဖြင့် ရိုက်ယူနိုင်စေဦးမည်ဖြစ်သည်။ စွမ်းဆောင်ရည်အပိုင်းအတွက် Helio G35 Chipset ကိုအသုံးပြုပေးထားပြီး Octa-core 2.3 GHz အထိအမြင့်ဆုံးအလုပ်လုပ်ပေးနိုင်မည်ဖြစ်ကာ သူ့ဈေးနှုန်းအနေအထားတွင် မြန်ဆန်သည့်အတွေ့ အကြုံမျိုးကိုရရှိစေမည်ဖြစ်သည်။ နောက်ကျောဘက်တွင် မြန်ဆန်သည့် Fingerprint စနစ်ကိုပါ တပ်ဆင်ပေးထားသည်။ OS ပိုင်းအတွက် Android 10 ကိုအခြေခံထားသည့် realme UI ကိုပါထိတွေ့အသုံးပြုနိုင်စေမည်ဖြစ်သည်။

ထူးခြားသည့်နောက်ထပ်အစီအစဉ်အဖြစ် realme Myanmar က လာမည့် သြဂုတ်လ ၂၈ရက်နေ့တွင် ၎င်းတို့၏ realme Fan များကိုဂုဏ်ပြုသည့်အနေဖြင့် realme FanFest အခမ်းအနားကို Online မှတစ်ဆင့် တိုက်ရိုက်မိတ်ဆက်ပြသပေးသွားမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးရှိ realme နိုင်ငံအသီးသီးတွင်လည်း Global FanFest အနေဖြင့် အဆိုပါ ၂၈ရက်မှာပင် တစ်ပြိုင်နက်တည်းကျင်းပပြုလုပ်သွားကြမည်ဖြစ်သည်။ လက်ရှိတွင် တစ်ကမ္ဘာလုံးရှိ realme Fan အရေအတွက်မှာ သန်း၄၀ကျော်အထိရောက်ရှိနေပြီဖြစ်ပြီး သုံးစွဲသူ user များအကြား ပိုမိုရင်းနှီးစေမည့် အဝန်းအဝိုင်းမျိုးဖန်တီးနိုင်စေရန်အတွက်လည်း “Dare To Be” Campaign ကိုပါပြုလုပ်ပေးလျက်ရှိသည်။ ပါဝင်ယှဉ်ပြိုင်သူများအနေဖြင့် Dare To Be စကားစုနောက်တွင် မိမိဖြစ်ချင်သည့် ဘဝရည်မှန်ချက်၊ အိမ်မက်ဦးတည်ရာ၊ မိမိ၏ Professional Skill တစ်ခုခု၊ မိမိနှစ်သက်သဘောကျသည့် အရာတစ်ခုခုကို ကိုယ်စားပြုသည့် စကားလုံး၊ စကားစုဖြင့်ဖြည့်စွက်ပြီး အခြားသော realme Fan များကို ထုတ်ဖော်ပြသကာ ပိုမိုကောင်းမွန်သည့် စိတ်ခွန်အားများကို အပြန်အလှန်ဖလှယ်ရရှိစေရန်ရည်ရွယ်ခြင်းလည်းဖြစ်သည်။ ထူးခြားသည့် အစီအစဉ်နှင့် ဆုလက်ဆောင်များစွာပါဝင်သည့် realme FanFest အခမ်းအနားနှင့် realme C12 တရားဝင်မိတ်ဆက်ခြင်း တိုက်ရိုက် Live ထုတ်လွှင့်ခြင်းကို realme Myanmar Facebook Page မှတစ်ဆင့် သြဂုတ်လ ၂၈ရက်၊ ည ၆နာရီမှစတင်ကာ ကြည့်ရှုခံစားနိုင်စေမည်ဖြစ်သည်။