အိန္ဒိယမှာ မတ်လ ၂၈ ရက်နေ့ Samsung Galaxy A34 နဲ့ A54 ကို ကြေညာတော့မှာ ဖြစ်ပါတယ်။ အခုပေါက်ကြားသတင်းအရ အဲဒီစမတ်ဖုန်းတွေ မကြေညာခင် ရက်အနည်းငယ်အလိုမှာ ကုမ္ပဏီက တခြား စမတ်ဖုန်း အသစ် ၁ လုံးကို မိတ်ဆက်မှာ ဖြစ်ပါတယ်။

The Samsung Galaxy F14 will launch on March 24 in India, key specs officially confirmed

အဲဒါကတော့ Samsung Galaxy F14 ဖြစ်ပြီး မတ်လ ၂၄ ရက်နေ့ အိန္ဒိယ ဒေသစံတော်ချိန် နေ့လည် ၁၂ နာရီမှာ မိတ်ဆက်ပွဲ စတင်မှာ ဖြစ်ပါတယ်။ Samsung က ကြေညာမယ့် နေ့နဲ့ အဓိက လုပ်ဆောင်ချက်တချို့ကို အတည်ပြုထားပြီးပါပြီ။

Galaxy F14 မှာ 5nm Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ရူပီး ၁၀,၀၀၀ နဲ့ ၁၅,၀၀၀ အကြား သတ်မှတ်ထားမှာ ဖြစ်ပါတယ်။ အဲဒီ Chipset ဟာ Exynos 1330 ဖြစ်ပြီး Galaxy M14 နဲ့ A14 မှာလည်း ထည့်သွင်းထားပါတယ်။ အဲဒီ Chipset ဟာ 5G Band ၁၃ ခုကို ထောက်ပံ့တဲ့အတွက် အိန္ဒိယရဲ့ 5G ကွန်ရက်ကို အသုံးပြုနိုင်မှာပါ။ 6GB RAM နဲ့ 6GB Virtual RAM ထည့်သွင်းထားမှာပါ။

Galaxy F14 မှာ OS Update ၂ ကြိမ်နဲ့ Security Patch ၄ နှစ်ကြာ ရရှိမှာ ဖြစ်ပြီး Galaxy A14 နဲ့ တူညီပါတယ်။ Galaxy F14 မှာ Android 13/One UI 5.0 မောင်းနှင်ထားမှာဖြစ်ပါတယ်။

Samsung က 6.6” FHD+ မျက်နှာပြင်နဲ့ Gorilla Glass 5 ထည့်သွင်းထားမယ်လို့ အတည်ပြုထားပြီး Refresh Rate ကို မပြောသေးပေမယ့် 90Hz ဖြစ်နိုင်ပါတယ်။

Galaxy F14 မှာ 6,000mAh ဘက်ထရီနဲ့ 25W Charging ပါလာမှာ ဖြစ်ပြီး ကင်မရာအကြောင်း မသိရသေးပေမယ့် M14 မှာလို 50MP Main နဲ့ 13MP ဆဲလ်ဖီး ကင်မရာတွေ ထည့်သွင်းထားနိုင်ပါတယ်။

Galaxy F14 ကို Flipkart ကနေ ရောင်းချမှာ ဖြစ်ပြီး Samsung.com မှာလည်း Landing Page လွှင့်တင်ထားပါတယ်။ အနက်၊ အစိမ်းနဲ့ ခရမ်းရောင် ထုတ်လုပ်ထားနိုင်ပါတယ်။

Ref : gsmarena