NFTs ဈေးကွက် ၁ ခု ဖြစ်တဲ့ Veve က Disney NFTs or Non-fungible Token တွေကို ရောင်းချမယ်လို့ အောက်တိုဘာလက ကြေညာခဲ့ပါတယ်။ အခုတော့ အချိန်မဆိုင်းတော့ဘဲ Simpsons အတွက် ပထမဆုံး NFTs ကို ရောင်းချပေးလိုက်ပါတယ်။ လာမယ့်ရက်အတွင်းမှာ Wall-e အပါအဝင် Pixar နဲ့ Elsa တို့လို Walt Disney Studios တို့အတွက် ရောင်းချမှာပါ။ အဲဒီ NFTs အားလုံးဟာ နိုဝင်ဘာလ ၁၂ ရက်နေ့ကျရောက်မယ့် Disney+ Day ရဲ့ အထွတ်အထိပ်ဖြစ်တဲ့ Golden Moments ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။
အခုလက်ရှိ အချိန်ကနေ Disney+ Day အတွင်းမှာ Star Wars နဲ့ တခြား Brands တွေအတွက် NFTs တွေကို ထပ်ပြီး ရောင်းချဖို့ ရှိနေပါတယ်။ NFTs တွေ ဝယ်ယူသူတွေအတွက် Veve က တချို့နိုင်ငံတွေမှာ Disney+ Subscription ပထမဆုံး ၃ လစာကို ပေးမှာ ဖြစ်ပါတယ်။
Golden Moment ၁ ခုစီဟာ ဒေါ်လာ ၆၀ တန်ကြေးရှိတဲ့အတွက် လူတိုင်း တတ်နိုင်တဲ့ ဈေးနှုန်းပါ။ NFTs အားလုံး ရောင်းချနိုင်ရင် Veve ဟာ ဒေါ်လာ ၁.၂ သန်းနီးပါးကို ၁ ရက်အတွင်း ရနိုင်ပါတယ်။ ဒီနှုန်းအတိုင်းသာ ရောင်းရရင် ကျန်တဲ့ ၆ ရက်အတွင်းမှာ ဒေါ်လာ ၇.၂ သန်းတောင် ထောသွားနိုင်ပါတယ်။ Veve ဟာ ဒီ ၁ ခုထဲကနေ ဝင်ငွေရမှာ မဟုတ်ပါဘူး။ Secondary ဈေးကွက်မှာ ရောင်းချရတဲ့ ငွေပမာဏရဲ့ ၂.၅ ရာခိုင်နှုန်းကို Veve ကရမှာပါ။ Disney NFTs တွေအတွက်ဆိုရင် လိုင်စင်ကြေး အဖြစ် အပို ၆ ရာခိုင်နှုန်း ကျသင့်မှာပါ။
NFTs တွေဟာ ဝယ်ယူပြီး သိပ်မကြာခင်မှာပဲ ပြန်လည် ရောင်းချရင် အမြတ်များစွာ ရနေကြပါတယ်။ အဲဒါကြောင့်ပဲ NFTs တွေဟာ ဒီနှစ်အတွင်းမှာ ရေပန်းစားလာကြပြီး နာမည်ကျော်ကြား လူသိများသူတွေ၊ ရုပ်ရှင် မင်းသား၊ မင်းသမီးတွေ၊ အားကစား အသင်းတွေနဲ့ ကုမ္ပဏီတွေဟာ NFTs နယ်ပယ်ထဲကို ခြေစုံပစ် ဝင်ရောက်လာကြပါတယ်။
Ref : ledgerinsights