Sony ကနေ ယခုနှစ်အတွင်းမှာ Flagship ဖုန်းတွေဖြစ်တဲ့ Xperia 1 II နဲ့ Xperia 5 II လိုမျိုး စမတ်ဖုန်းတွေကို ဆက်တိုက် မိတ်ဆက်ထားပြီးဖြစ်ပါတယ်။ အခုလည်း Mid Range စမတ်ဖုန်းအသစ်ဖြစ်တဲ့ Xperia 10 III စမတ်ဖုန်းကို မကြာခင်မိတ်ဆက်လာတော့မှာပါ။

အဆိုပါ Xperia 10 III စမတ်ဖုန်းဟာ Sony ရဲ့ ပထဆုံးသော 5G Network ကို Support ပြုလုပ်တဲ့ Mid Range ဖုန်းတစ်လုံးဖြစ်လာမှာပါ။ အဲ့ဒီအတွက်လည်း Qualcomm ရဲ့ 5G Mid Range Chipset တစ်ခုဖြစ်တဲ့ Snapdragon 690 ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

Sony ဟာ မကြာသေးခင်တုန်းက Qualcomm Snapdragon 720 Chipset ကို အသုံးပြုလာမယ့် Xperia 10 II Plus ဖုန်းကို မိတ်ဆက်မယ့်အစီအစဥ်ကို ဖျက်သိမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။ ဖြစ်နိုင်တာကတော့ Snapdragon 720 Chipset ဟာ 5G Support ပါဝင်ခြင်းမရှိတဲ့အတွက် 5G Network ဘက်ကို ပြန်လည်အာရုံစိုက်သွားဖို့ စီစဥ်နေပုံပါပဲ။

လောလောဆယ်မှာလည်း Sony ကနေ Xperia 10 III အပြင် နောက်ထပ် Qualcomm Snapdragon 875 Chipset နဲ့ Flagship ဖုန်းတစ်လုံးကိုပါ မိတ်ဆက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဖြစ်နိုင်ခြေများနေတာကတော့ Xperia 1 III ဖြစ်လာနိုင်ပြီး မိတ်ဆက်မယ့်အချိန်ကတော့ Samsung Galaxy S21 Series ဖုန်းတွေ မိတ်ဆက်ပြီး ဖေဖော်ဝါရီလအတွင်းမှာ မိတ်ဆက်လာမယ်လို့ ယူဆရပါတယ်။

Sony Xperia 10 III နဲ့ ပတ်သက်ပြီးတော့ Snapdragon 690 Chipset ကို အသုံးပြုထားမယ်ဆိုတာကလွဲရင် တခြားသော အသေးစိတ်အချက်အလက်တွေကိုတော့ လက်ရှိအချိန်အထိ သိရှိရခြင်းမရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် Xperia 10 III ကလည်း လာမယ့် ၂၀၂၁ ခုနှစ်မှပဲ မိတ်ဆက်သွားနိုင်ခြေများနေပါတယ်။

Ref – GSM Arena