Space Force ရဲ့ X-37B အာကာသလေယာဉ်ဟာ ကမ္ဘာပတ်လမ်းကြောင်းမှာ စံချိန်တင် ၂ နှစ်ခွဲ(၉၀၈ ရက်) ပျံသန်းပြီးနောက် ကမ္ဘာကို ပြန်ရောက်လာပါတယ်။ ဒီလ ၁၂ ရက်နေ့မှာ ဖလော်ရီဒါက NASA ရဲ့  ကနေဒီ အာကာသ စင်တာကို ဆင်းသက်ခဲ့တာ ဖြစ်ပြီး ၆ ကြိမ်မြောက်အောင်မြင်တဲ့ ခရီးစဉ် ဖြစ်လာပါတယ်။

An image showing the X-37B spaceplane upon landing

Boeing က တည်ဆောက်ထားတဲ့ အာကာသ လေယာဉ် ဖြစ်ပြီး NASA က အခု စီမံကိန်းအကြောင်းကို ဘာမှ မပြောသေးပါဘူး။ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ US Air Force Academy က တည်ဆောက်ထားတဲ့ FalconSat-8 ကို အာကာသ လေယာဉ်က ကမ္ဘာပတ်လမ်းကြောင်းထဲ ပို့ခဲ့တယ်လို့ NASA က ပြောပါတယ်။ အဲဒီ အရွယ်သေး ဂြိုလ်တုဟာ သုတေသနပြုလုပ်မယ့် ပစ္စည်း ၅ ခုကို သယ်ဆောင်သွားပြီး ကမ္ဘာပတ်လမ်းကြောင်းထဲမှာ ရှိနေပါတယ်။ အဲဒီအထဲမှာ နေရောင်ခြည်ကို မိုက်ကရိုဝေ့ဖ် စွမ်းအင် အဖြစ် ပြောင်းလဲပြီး ကမ္ဘာကို ပေးပို့နိုင်တဲ့ အန်တင်နာ Module ပါပါတယ်။

The US Space Force's secretive X-37B space plane: 10 surprising facts | Space

အာကာသလေယာဉ်ဟာ ၂၀၁၀ ခုနှစ်က ပထမဆုံး အကြိမ် ပျံသန်းခဲ့တဲ့ NASA ရဲ့ Space Shuttle အသေးစားနဲ့ ဆင်တူပါတယ်။ အခု စီမံကိန်း မတိုင်ခင်က X-37B ဟာ ဂြိုလ်တုတွေကို အာကာသသို့ ပို့ဆောင်ပေးခဲ့ပြီး ကမ္ဘာပတ်လမ်းကြောင်းမှာ ရက်ပေါင်း ၇၈၀ ပျံသန်းခဲ့ကာ ကမ္ဘာကို ၂၀၁၉ ခုနှစ်မှာ ပြန်လာခဲ့ဖူးပါတယ်။

အခုနောက်ဆုံး ပျံသန်းမှုမှာ အာကာသလေယာဉ်ဟာ အာကာသမှာ သီးနှံတွေ စိုက်ပျိုးနိုင်တဲ့ အခြေအနေကို လေ့လာနိုင်တဲ့ ပစ္စည်းတွေကို သယ်ဆောင်သွားပါတယ်။ ဒါ့အပြင် အမျိုးမျိုးသော ဒြပ်ထုတွေအပေါ် အာကာသ ဓါတ်ရောင်ခြည်တွေရဲ့ အကျိုးသက်ရောက်မှုကို စမ်းသပ်နိုင်တဲ့ ကိရိယာတွေ သယ်ဆောင်သွားပါတယ်။

Ref : theverge