အမေရိကန် နဲ့ ဗြိတိန် တို့က သူတို့ရဲ့ အသံထက်မြန်တဲ့ ဒုံးပျံနည်းပညာကို အဆင့်မြှင့်တင်ပေးဖို့အတွက် Rocket Lab ကို ရွေးချယ်လိုက်ပါတယ်။ ကုမ္ပဏီဟာ HASTE ပလက်ဖောင်းကနေ စစ်တပ်အတွက် ပံ့ပိုးပေးနေပြီး အသံထက်မြန်တဲ့ ဒုံးပျံတွေကို တည်ဆောက်ပေးမှာ ဖြစ်ပါတယ်။
အမေရိကန် လေတပ်ရဲ့ ဒေါ်လာ ၄၆ ဘီလီယမ် EWAAC စာချုပ်နဲ့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စတာလင်ပေါင် ၁ ဘီလီယမ် HTCDF Program အောက်မှာ Rocket Lab ဟာ အသံထက်မြန်တဲ့ နည်းပညာကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ဒုံးပျံ စမ်းသပ်လွှတ်တင်မှု အကြိမ်ပေါင်းများစွာ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။
Rocket Lab ရဲ့ HASTE ပလက်ဖောင်းမှာ Electron ဒုံးပျံကို အဆင့်မြှင့်ထားတဲ့ မော်ဒယ် ရှိပြီး အသံထက် ၂၂ ဆ (တစ်နာရီ ၁၆,၇၇၇ မိုင်)ပိုမြန်ပါတယ်။ အခုဆိုရင် အဲဒီ ဒုံးပျံကို လက်တွေ့ကမ္ဘာမှာ စမ်းသပ်တော့မှာ ဖြစ်ပါတယ်။ အမေရိကန် နဲ့ ဗြိတိန် စစ်တပ်အတွက် အဲဒီ ဒုံးပျံဟာ အလွန် အသုံးဝင်လာမှာ ဖြစ်ပါတယ်။
Rocket Lab ဟာ အာကာသသို့ သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ၊ အာကာသယာဉ်များ၊ ဂြိုလ်တု အစိတ်အပိုင်းများကို ထုတ်လုပ်တဲ့ အာကာသ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ နယူးဇီလန်နိုင်ငံသား ပီတာဘက်ခ်ျ (Peter Beck) က တည်ထောင်ခဲ့ပြီး လော့စ်အိန်ဂျလိစ်၊ ကယ်လီဖိုးနီယားပြည်နယ်မှာ တည်ရှိပါတယ်။
Ref : Fossbytes