Samsung Galaxy Tab S8 မော်ဒယ် ၃ လုံးရဲ့ သတင်းတွေ ပြီးခဲ့တဲ့ လအနည်းငယ်ကတည်းက ထွက်လာခဲ့ပါတယ်။ Galaxy Tab S8 , S8+ နဲ့ S8 Ultra တို့ ဖြစ်ပြီး ရိုးရိုး မော်ဒယ်မှာ 45W Charging ပါလာမယ်လို့ သိရပါတယ်။

The leaked spec sheet for the Galaxy Tab S8 series

Galaxy Tab S7 မော်ဒယ်တွေမှာလို 10V at 4.5A ကို ကိုင်တွယ်နိုင်မှာပါ။ ဖုန်းတွေထက် ဘက်ထရီ အရွယ်အစား ပိုကြီးပေမယ့် တက်ဘလက်မှာ 40W Charging နဲ့အထက် ပါတာက ရှားပါးပါတယ်။ Galaxy Tab S8+ မှာ 10,090mAh ဘက်ထရီနဲ့ S8 Ultra မှာ 11,500mAh ဘက်ထရီ ထည့်သွင်းထားနိုင်ပါတယ်။ ရိုးရိုး S8 မှာတော့ 8,000mAh ဘက်ထရီ ထောက်ပံ့ထားနိုင်ပါတယ်။

Samsung Galaxy Tab S8, Tab S8+ and Tab S8 Ultra Surfaced Online with 120Hz  AMOLED display, up to 12GB RAM, up to 12,000mAh battery

မော်ဒယ် ၃ လုံးစလုံးမှာ Snapdragon 898 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး ဒါ့ကြောင့် မိတ်ဆက်မယ့် အချိန်နောက်ကျနေတာ ဖြစ်နိုင်ပါတယ်။ Galaxy Tab S7 မော်ဒယ် ၂ လုံးကို ရောင်းချထားတာ ၁ နှစ်ကျော်နေပြီ ဖြစ်ပြီး 898 ဟာ ဒီဇင်ဘာလ မတိုင်ခင် မထွက်လာနိုင်ပါဘူး။

အဲဒီ တက်ဘလက် အားလုံးမှာ Samsung ကိုယ်တိုင်ထုတ်တဲ့ Exynos 2200 Chipset ပါလာမှာ မဟုတ်ပါဘူး။ AMD RDNA GPU က Adreno အသစ်ထက်  ပိုမို စွမ်းဆောင်ရည် မြင့်မားမယ်လို့ ထင်ရပါတယ်။ Graphics စွမ်းရည် ပိုများတာက အရွယ်ကြီး မျက်နှာပြင် ပါတဲ့ တက်ဘလက်တွေအတွက် ပို အသုံးဝင်ပါတယ်။

Samsung Galaxy Tab S8 Series ကို စွမ်းရည်မြင့် Galaxy S22 Series စမတ်ဖုန်းတွေနဲ့အတူ ကြေညာနိုင်ပြီး အားလုံးမှာ One UI 4.0 မောင်းနှင်ထားကြမှာ ဖြစ်ပါတယ်။

Ref : gsmarena